တာချီလိတ်မြို့နယ်၌ အမျိုးသမီးတစ်ဦးအား အမည်မသိလူ(၅)ဦးမှ သေနတ်ဖြင့် ခြိမ်းခြောက် ခေါ်ဆောင်မှုဖြစ်ပွား


တာချီလိတ် အောက်တိုဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်ကျေးရွာ တွင် ယနေ့ အောက်တိုဘာ ၃ရက်နေ့ နံနက်က အသက်(၅၀)ရှိ အမျိုးသမီးတစ်ဦးအား အမည်မသိလူ(၅)ဦးမှ သေနတ်ဖြင့် ခြိမ်းခြောက် ဖမ်းဆီပြီး ခေါ်ဆောင်သွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယနေ့ နံနက်(၈)နာရီခွဲခန့်က ဝှေလေလန်ကျေးရွာနေ ဦးအိုက်ကျောက် သည် နေအိမ်နောက်ဖက်တွင် တီဗွီကြည့်နေစဉ် အိမ်ရှေ့ဈေးဆိုင်မှ ဇနီးဖြစ်သူ ဒေါ်အီနန်း ၏အော်သံကြားရသဖြင့် သွားရောက်ကြည့်ရှုစဉ် ဇနီးဖြစ်သူကို လာရောက်ဖမ်းဆီး ခေါ်ဆောင်နေသည့် လူ(၄)ဦးအား တွေ့ရှိရကြောင်း၊ ယင်းလူများမှာ ရှာထိုးဦးထုပ်ဆောင်း၍ ပါးစပ်ကာ ဝတ်ထားပြီး သေနတ်အတို(၁)လက်၊ အရှည်(၁)လက်ကိုင်ဆောင်ထားသည့် အမျိုးသား(၂)ဦးမှ သေနတ်များဖြင့် ချိန်ထားကာ အနွေးထည်ဝတ်ထားသည့် အမျိုးသား(၂)ဦးမှ ဇနီးဖြစ်သူအား ဆွဲခေါ်သွားကြောင်း ကျန်အမျိုးသား(၁)ဦးမှာ ကားပေါ်မှာ ထိုင်စောင့်နေကြောင်း တွေ့ရှိပြီး သေနတ်ကိုင် အမျိုးသား (၂) ဦး မှ ၄င်းအား ချိန်ထားသဖြင့် ကြောက်လန့်၍ ကြည့်နေစဉ် ဇနီးဖြစ်သူအား ဟွေလုကျေးရွာဘက်သို့ 4×4အမျိုးအစား အပြာရောင် မော်တော်ယာဉ်ဖြင့် ကားပေါ်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဇနီးဖြစ်သူမှာ ခါးဝတ်ခါးစား တစ်ခုသာပါသွားပြီး ဖမ်းဆီးခေါ်ဆောင်သွားသူမှာ မည်သည့်ပစ္စည်းမှ ယူဆောင်သွားခြင်း မရှိကြောင်းတို့ကို ဦးအိုက်ကျောက်(၄၃)နှစ် က ပြောပြခဲ့ကြောင်း သိရသည်။


ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဝမ်ပုံနယ်မြေရဲစခန်း တွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး၊ တရားခံများအား အမြန်ဆုံးဖမ်းဆီး နိုင်ရေး အတွက် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့
Ko hla Htay (facebook)
တာချီလိတ်မြို့နယ်၌ အမျိုးသမီးတစ်ဦးအား အမည်မသိလူ(၅)ဦးမှ သေနတ်ဖြင့် ခြိမ်းခြောက် ခေါ်ဆောင်မှုဖြစ်ပွား တာချီလိတ်မြို့နယ်၌ အမျိုးသမီးတစ်ဦးအား အမည်မသိလူ(၅)ဦးမှ သေနတ်ဖြင့် ခြိမ်းခြောက် ခေါ်ဆောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.