ရေမြောင်းအတွင်း သေဆုံးနေသည့် အမျိုးသားတစ်ဦး အလောင်းတွေ့ရှိ


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် လက်ပန်ကျေးရွာအနီး ရေမြောင်းအတွင်း ယနေ့ နံနက်ပိုင်းအချိန်က သေဆုံးနေသည့် အမည်မသိအမျိုးသားတစ်ဦး အလောင်း တွေ့ရှိခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ သိရသည် ။

ကျောက်ဆည်မြို့နယ် လက်ပန်ကျေးရွာအဝင်လမ်း၏ ဝဲဘက်ခြမ်း ရေမြောင်းထဲတွင် အမျိုး သားတစ်ဦး သေဆုံးနေကြောင်းသတင်းရရှိသဖြင့် ကျောက်ဆည်မြို့မ ရဲစခန်းမှ စခန်းမှုး ဒုရဲမှုး ဝင်းဇော်မြင့် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့သည်။

ထိုသို့ သွာရောက်စစ်ဆေးရာတွင် သေဆုံးသူအမည်နှင့် နေရပ်ဒေသအားစုံ စမ်းမေးမြန် သော်လည်း မသိရှိရသဖြင့် အလောင်းအား ဓမ္မာတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ရင်ခွဲစစ် ဆေးနိုင်ရန်အတွက် ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ပေးပို့အပ်နှံခဲ့ရကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ သိရသည် ။

''ကျွန်မတို့ဆီ ကို နံနက်ခင်း ၉ နာရီ လောက်က အကြောင်းကြားတယ်။ အဲဒါနဲ့ စခန်းမှူးတို့ သွားရောက်စစ်ဆေးပါတယ်။ ခုချိန်ထိတော့ သေဆုံးသူက ဘယ်မှာနေတယ်။ဘယ်သူလဲ ဆိုတာ မသိရသေးပါဘူး။စုံးစမ်းဆဲပါ၊ခု သူ့ရဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးဖို့ ဆေးရုံပို့ထားပါတယ်"ဟု ကျောက်ဆည်မြို့ မရဲစခန်းမှ တာဝန်ကျ ရဲမေတစ်ဦးက ပြောပြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်ဆည်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၃၀/၂၀၁၈ ဖြင့်အမှုရေးဖွင့်ထားရှိကြောင်း သိရသည် ။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper

ရေမြောင်းအတွင်း သေဆုံးနေသည့် အမျိုးသားတစ်ဦး အလောင်းတွေ့ရှိ ရေမြောင်းအတွင်း သေဆုံးနေသည့် အမျိုးသားတစ်ဦး အလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.