ဆိုင်ကယ်အား ကားဖြင့် နောက်မှ ၀င်တိုက်ပြီး တုတ်၊ ခါးပတ်များဖြင့် ၀ိုင်ဝန်းရိုက်နှက်ခဲ့သည့် KTV ဆိုင်မှ ဝန်ထမ်းများကို ဖမ်းဆီးအရေးယူ


မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၀လမ်း၊ သိပ္ပံလမ်းနှင့် အောင်ဆန်းလမ်းကြားရှိ --- KTVဆိုင်တွင် သီချင်းဆိုပြီး ငွေရှင်းစဉ် ဆိုင်မန်နေဂျာနှင့် စကားများခဲ့ရာမှ အပြန်တွင် KTV ဆိုင်မှ ဝန်ထမ်းများက ကားဖြင့် နောက်မှ လိုက်လာပြီး ဆိုင်ကယ်အားဝင် တိုက်ကာ တုတ်၊ ခါးပတ်များဖြင့် ၀ိုင်ဝန်းရိုက်နှက်မှု သြဂုတ်လ ၃၁ရက်နေ့ နံနက် ၁နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁) ရပ်ကွက်နေ မောင်ချစ်ဇွဲသည် သူငယ်ချင်းဖြစ်သူ ဝေယံနှင့်အတူ သြဂုတ်လ ၃၁ရက်နေ့ နံနက်၁နာရီခွဲအချိန်ခန့်က ---KTVဆိုင်တွင် သီချင်းဆိုပြီး ကျသင့်ငွေရှင်းစဉ် ချစ်ဇွဲနှင့် ဆိုင်မန်နေဂျာတို့ စကားများခဲ့ပြီးနောက် ချစ်ဇွဲနှင့် ဝေယံတို့သည် ဆိုင်ကယ်တစ်စီးဖြင့် နေအိမ်သို့ပြန်ခဲ့ရာ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈လမ်း၊ အောင်ဆန်းလမ်းနှင့် ဘုရင့်နောင်လမ်းကြားအရောက်တွင် KTVဆိုင်မှ ဝန်ထမ်းများလိုက်ပါသော လိုက်ထရပ် အဖြူရောင်ယာဉ်မှ ဆိုင်ကယ်အား နောက်မှဝင်တိုက်ပြီး ဆိုင်ကယ်တိမ်းမှောက်သွားစဉ် ယာဉ်ပေါ်မှ လူ ၁၀ ဦးခန့်က တုတ်/ခါးပတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ရိုက်နှက်ခံရမှုကြောင့် ချစ်ဇွဲတွင် ဦးခေါင်း ပေါက်ပြဲ၊ မေးစေ့ပေါက်ပြဲ၊ နောက်ကျောညိုမဲ ဒဏ်ရာများနှင့် ဝေယံတွင် ဦးခေါင်းပေါက်ပြဲ၊ မျက်နှာပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရသည်။

ယင်းသို့ဖြစ်ပွားနှင့် ပတ်သက်၍ ချစ်ဇွဲ၏ ဖခင်ဖြစ်သူ ဦးဝင်းအောင်က ကန်သာယာ လှုပ်ရှားရဲကင်းမှူးထံ သွားရောက်တိုင်တန်းသဖြင့် ကန်သာယာရဲကင်းမှူးမှ သက်သေများနှင့်အတူ အခင်းဖြစ်ရပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သူများကို စုံစမ်းဖော်ထုတ်ပြီး ရဲကင်းမှူးနှင့်အဖွဲ့မှ KTV ဆိုင်သို့ လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ဆိုင်မန်နေဂျာ နေအောင်နှင့် ကျော်နိုင်ဦးတို့ (၂) ဦအား ဖမ်းဆီးရမိခဲ့သဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်းမှ (ပ)၆၂၅/၂၀၁၈၊ ရာဇ
သတ်ကြီးပုဒ်မ ၄၄၀/၃၂၅/၁၁၄ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

( Photo: Police )
( Ah Lin Nge )
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal/
ဆိုင်ကယ်အား ကားဖြင့် နောက်မှ ၀င်တိုက်ပြီး တုတ်၊ ခါးပတ်များဖြင့် ၀ိုင်ဝန်းရိုက်နှက်ခဲ့သည့် KTV ဆိုင်မှ ဝန်ထမ်းများကို ဖမ်းဆီးအရေးယူ ဆိုင်ကယ်အား ကားဖြင့် နောက်မှ ၀င်တိုက်ပြီး တုတ်၊ ခါးပတ်များဖြင့် ၀ိုင်ဝန်းရိုက်နှက်ခဲ့သည့် KTV ဆိုင်မှ ဝန်ထမ်းများကို ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 23:11 Rating: 5
Powered by Blogger.