ပင်လည်ဘူးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်


ကသာ ၁ စက်တင်ဘာ

ကသာခရိုင် ပင်လည်ဘူးမြို့နယ်တွင် ယနေ့ နံနက် ၈ နာရီခွန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ မှုများကြောင့် မြေလင်း ရေကျော်တံတား နိမ့်ကျပျက်စီးခြင်း၊ မြေလင်း ကျေးလက်ကျန်းမာရေးဌာနမှ ဆေးပစ္စည်းများ၊ ပေပင်စု၊ အလယ်စုနှင့် တံတားကိုင်းကျေးရွာတို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုများကြောင့် ပင်လည်ဘူးမြို့နယ် ရွာသာယာကျေးရွာနှင့် ကြာအိုင်ကျေးရွာ ရွာချင်းဆက်လမ်းပေါ်ရှိ လူကူးမောင်းကော် သစ်သားတံတား (၆၆×၆×၁၂) ပေ (၁)စင်း၊ ကြာအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း အဝင်တံတား (၆၀×၆×၁၀)ပေ တံတား (၁)စင်း၊ ရွာသာယာကျေးရွာနှင့် ကြာအိုင်ကျေးရွာ ရွာချင်းဆက်လမ်းပေါ်ရှိ လူထုဗဟိုပြုစီမံကိန်းမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော ကျောက်ခုံခံ သစ်သားတံတားမှ အောက်ခံခုံကွဲအက်ကွဲ၍ တံတားညွတ်ကျခြင်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် (၁၀၉'×၁၀'×၆')ရှိ မောင်းကော် သစ်သားတံတားတို့မှာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ကောလင်း-ပင်လည်ဘူးသွား ကားလမ်းပေါ်ရှိ မြေလင်းရေကျော်တံတားအား ယာဉ်များ သွားလာမှု ပြတ်တောက်မှု မရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရမှ ထောက်ပံ့ပေးအပ်သော Back Hoe ယာဉ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟန်မျိုးကျော်(ကသာ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ပင်လည်ဘူးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် ပင်လည်ဘူးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် Reviewed by THITHTOOLWIN on 23:02 Rating: 5
Powered by Blogger.