အရက်အတူသောက် စကားများရာမှ လူသတ် အလောင်းဖျောက်သူများအား ဖမ်းဆီးရမိ


ဘီးလင်း စက်တင်ဘာ ၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းကကျေးရွာ၌ သြဂုတ် ၃၀ ရက် ညနေပိုင်းက လူသတ်၍ မြေမြှုပ် ထားသော အလောင်းတစ်လောင်းကို တွေ့ရကြောင်း သတင်းပေးတိုင်တန်းချက် အရ ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့် အနီးကပ်ကြီးကြပ်၍ တောင်စွန်းနယ်မြေရဲစခန်းမှ စုံစမ်းဖော်ထုတ်ရာ သြဂုတ် ၃၁ ရက်နေ့ က ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ဝင်းကကျေးရွာနေ ဒေါ်လှသန်းသည် လယ်ကွင်းသို့အသွား လယ်ကန်သင်းအနီးတွင် အပုပ်နံ့များ ရသဖြင့် ကြည့်ရာ လူသေတစ်ဦးကိုမြှုပ်နှံထားသည့် ပုံသဏ္ဍာန်ကို တွေ့ရှိ၍ တောင်စွန်းနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့သည် ။

သတင်းပေးချက်အရ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးဆောင်ရွက်ရာ သေဆုံးသူသည် ဇော်မျိုးဦး(ခ)အညာသား (မရမ်းကျောင်းကျေးရွာ ၊ပဲခူးမြို့နယ်) နေသူဖြစ်ပြီး စုံစမ်းဖော်ထုတ်ချက်များအရ ၎င်းသည် ဝင်းဇော် (ဝင်းကကျေးရွာ ဘီးလင်းမြို့နယ်) နှင့် ချစ်ဦး(ခ)ကတုံး (အရက်သီမကျေးရွာ ဘီးလင်းမြို့နယ်)တို့နှင့်အတူ အရက်သောက်စားရာမှ စကားများ ရန်ဖြစ်ပြီး ဓါးဖြင့် ခုတ်သတ်၍ မြေမြှုပ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

သို့ဖြင့်၍ နယ်မြေခံ တောင်စွန်းရဲစခန်းမှအမူဖွင့်၍ ပြစ်မှုကျူးလွန်သူ ဝင်းဇော်နှင့်ချစ်ဦး တို့အား ဖမ်းဆီး စစ်ဆေး အရေးယူထားကြောင်း သိရသည် ။

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အရက်အတူသောက် စကားများရာမှ လူသတ် အလောင်းဖျောက်သူများအား ဖမ်းဆီးရမိ အရက်အတူသောက် စကားများရာမှ လူသတ် အလောင်းဖျောက်သူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:39 Rating: 5
Powered by Blogger.