ဘရာဇီးတွင် အကျဉ်းသား ၁၀၀ နီးပါး ထောင်ဖောက်ပြေး

ဘရာဇီး အကျဉ်းထောင်တစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)
 ရီယိုဒီဂျနေရို ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

    ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း Paraiba ပြည်နယ် Joao Pessoaမြို့ရှိ အကျဉ်းထောင်တစ်ခုတွင်  စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းက အကျဉ်းသား အနည်းဆုံး  ၉၂ ဦး ထောင်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ၊လက်ရှိတွင် ရဲတပ်ဖွဲ့က အကျဉ်းသား ၅၀ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ယင်းပြည်နယ် အကျဉ်းဦးစီးဌာနက ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် လက်နက်ကိုင် ၂၀ ခန့်က ကားဖြင့် အကျဉ်းထောင်ကို ရောက်ရှိလာပြီး ကင်းစခန်းများ၊ ရဲဝန်ထမ်းအဆောင်များနှင့် အကျဉ်းထောင်တံခါးမကြီးကို ပစ်ခတ် ခဲ့ရာ တာဝန်ကျရဲတပ်ဖွဲ့ဝင်များက တိမ်းရှောင်ခဲ့ရကြောင်း  ၊ ထို့နောက် လက်နက်ကိုင်များက တံခါးမကြီး ဗုံးခွဲဝင်ရောက်ခဲ့ပြီး ပလာယာနှင့်အကျဉ်းစခန်းသံဘောင်ကို ဖျက်ကာ ထောင်အတွင်းရှိ ဘဏ်နှင့်ဘဏ်ငွေသယ်ပို့သည့်ယာဉ်ကို ဓားပြတိုက်ခဲ့သူ မာရီယိုဂိုမက်ဇဟေးလ်ဗီလာအား လွှတ်ပေး ခဲ့ကြောင်း၊ အခြားအကျဉ်းသားများကလည်း ထိုပလာယာကိုယူကာ ၄င်းတို့၏ အကျဉ်းထောင်ခန်း သံဘောင်ကို ဖျက်၍ထွက်ပြေးခဲ့ကြကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ယခုဖြစ်ပွားသည့် အကျဉ်းထောင်စီးနင်းမှုသည် ပြီးခဲ့သော သြဂုတ်လက ဘဏ်ငွေသယ်ယူပို့ဆောင် သည့် မော်တော်ယာဉ်ကို စီးနင်းမှုဖြင့် ဖမ်းဆီးခံခဲ့ရသူ  ၄ ဦးကို ကယ်ထုတ်ရန်ဖြစ်နိုင်ကြောင်း ကနဦး စစ်ဆေးချက်များ အရ သိရသည်။ ထိုသို့တိုက်ခိုက်စီးနင်းမှုအတွင်းအကျဉ်းသား ၁ဦးကိုမူ ကယ်ထုတ် နိုင်မှု မရှိကြောင်း နှင့် လွတ်မြောက်သွားသော ဟေးလ်ဗီလာအပါအ၀င် အကျဉ်းသား ၃ ဦး ကို ပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိ သေးကြောင်း သိရသည်။

ရဲတပ်ဖွဲ့အနေဖြင့် ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများကို ပြန်လည်ဖမ်းဆီးရန် အင်အားဖြည့်ဆောင်ရွက်လျက်ကြောင်း ၊ထိုသို့ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်တစ်ဦး သေနတ်မှန် သေဆုံးခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဘရာဇီးတွင် အကျဉ်းသား ၁၀၀ နီးပါး ထောင်ဖောက်ပြေး ဘရာဇီးတွင် အကျဉ်းသား ၁၀၀ နီးပါး ထောင်ဖောက်ပြေး Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.