ရန်​ကုန်​-ဘားအံ ခရီးသည်​တင်​ယာဉ်​​ပေါ် ခရီး​ဆောင်​အိတ်​အတွင်းက ​ငွေဆယ်​သိန်းခိုးယူသူအား ဝိုင်းဝန်း​ဖော်​ထုတ်


ဘားအံ စက်​တင်​ဘာ ၁၁

ရန်​ကုန်​-ဘားအံခရီးသည်​ယာဉ်​တစ်​စီး​ပေါ်တွင်​ဘားအံမှလိုက်​ပါသွားသည့်​ အမျိုးသားတစ်​ဦး ​ငွေဆယ်​သိန်း ခိုးယူခံရမှုကို ​ရွှေမြန်​မာခရီးသည်​မှန်​လုံယာဉ်​ပိုင်​ရှင်​​မော်​​တော်​ယာဉ်​ဂိတ်​တာဝန်​ခံနှင့်​ယာဉ်​​မောင်းများ အားလုံးတာဝန်​သိစွာဖြင့်ပူး​ပေါင်း​ဆောင်​ရွက်​ခဲ့၍ ဘားအံခရိုင်​မှုခင်းခင်းနှိမ်​နင်း​ရေးအဖွဲ့​ခေါင်း​ဆောင်​ ရဲအုပ်​သက်​စိုးဦးနှင့်​ပူး​ပေါင်းအဖွဲ့က ​ဖော်​ထုတ်​ဖမ်းဆီးရမိခဲ့ပြီး ပြစ်​မှုကျူးလွန်​သူကို အမှုဖြင့်​ဆက်​လက်​စစ်​​ဆေးလျက်​ရှိ​ကြောင်း သိရသည်​။

" ဘားအံက​နေရန်​ကုန်​ကို ​ရွှေမြန်​မာခရီးသည်​ ယာဉ်​နဲ့လိုက်​ပါသွားတဲ့ ကို​ဇော်​မိုးဆိုသူရဲ့​ကျောပိုးအိတ်​ထဲက ​ငွေကျပ်​ ဆယ်​သိန်း ​ပျောက်​ဆုံးသွားလို့ စက်​တင်​ဘာ ၅ရက်​​ ည​နေ ၄နာရီကခရိုင်​မှုခင်းနှိမ်​နင်း​ရေးအဖွဲ့ကို လာ​ရောက်​အကူအညီ​တောင်းလို့ စက်​တင်​ဘာ ၆ရက်​​ ည​နေ ၇နာရီမှာ သတင်းစတင်​ရရှိခဲ့ပါတယ်​ ။
စက်​တင်​ဘာ ၇ရက်​​ မနက်​ ၄နာရီမှာ ဖမ်းဆီးရမိခဲ့တာဖြစ်​ပါတယ်​၊ ​ပျောက်​ဆုံးသွားတဲ့​ငွေဆယ်​သိန်းကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ပါတယ်ဟု စက်​တင်​ဘာ ၁၁ရက်​​ နံနက်​က ရဲအုပ်​သက်​စိုးဦးက ​ပြောကြားခဲ့သည်​။

ဖြစ်စဉ်မှာ ငွေခိုးယူခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက ​ရွှေမြန်​မာမှန်​လုံယာဉ်​ ပိုင်​ရှင်​နှင့်​​တွေ့ဆုံ၍ CCTVမှတ်​တမ်းကို ​တောင်းယူကြည့်​ရှုပြီး ခိုးယူသူဖြစ်​နိုင်​သည့်​အမျိုးသားတစ်​ဦး၏ ပုံကိုရယူနိုင်​ခဲ့ကာ အဆိုပါပုံအား ယာဉ်​လိုင်းများသို့ ဖြန့်​​ဝေ​ပေး၍ အဆိုပါ အမျိုးသားယာဉ်​​ပေါ်လိုက်​ပါ လာပါက လျို့ဝှက်​အ​ကြောင်း​ပေးရန်​ ချိတ်​ဆက်​​ဆောင်​ရွက်​ခဲ့ရာ စက်​တင်​ဘာ ၆ရက်​​ ည​နေ ၇နာရီ​ခန့်​ ရန်​ကုန်​မှဘားအံသို့ထွက်​လာသည့်​ 7P/-----​ရွှေမြန်​မာမှန်​လုံယာဉ်​​ပေါ် တွင်​ အ​ကြောင်းကြား​ပေးပို့ထားသည့်​ပုံပါအမျိုးသားမှာ ခုံအမှတ်​ (၂၈)တွင်​လိုက်​ပါလာ​ကြောင်း အ​ကြောင်းကြား၍ ရဲအုပ်​သက်​စိုးဦးနှင့်​အဖွဲ့မှ လိုက်လံစောင့်ကြည့်ခဲ့ပြီး ​ ဘားအံမြို့၊အမှတ်​ ၉ရပ်​ကွက်​ မဲ​ဘောင်​ဝိုင်းအ​ရောက်တွင်​ အဆိုပါ အမျိုးသားမှာအိတ်​တစ်​လုံးကိုင်​၍ ယာဉ်​​ပေါ်မှအဆင်းတွင်​ အသင့်​လိုက်​ပါလာသည့်​အဖွဲ့က ဖမ်းဆီးခဲ့​ကြောင်းသိရသည်​။

၎င်းအား စစ်​​ဆေးရှာ​ဖွေရာ ထွန်းမင်း​အောင်​၊ ၃၉-နှစ်​ဖြစ်​​ကြောင်းသိရပြီး စက်​တင်​ဘာ ၂ရက်​​နေ့က ဘားအံမှရန်​ကုန်​သို့ ထွက်​လာသည့်​ မှန်​လုံယာဉ်​​ပေါ်တွင်ေ​ကျာပိုးအိတ်​တစ်​လုံးအတွင်းထည့်​ထား​သော ​ငွေဆယ်​သိန်းကို ခိုးယူခဲ့​ကြောင်းဝင်ခံထွက်ဆိုပြီး ထွန်းမင်း​အောင်​၊ ၃၉-နှစ်​၊ စိန်​ချယ်​လမ်း၊ ၄ရပ်​ကွက်​၊ ​မြောက်​ဥက္ကလာပမြို့နယ်​၊ရန်​ကုန်​တိုင်း​ဒေသကြီး​နေသူအား ဘားအံမြို့မရဲစခန်းတွင်​အမှုဖွင့်​အ​ရေးယူထား ကြောင်းသိရသည်​။

မင်းသူ(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်​ကုန်​-ဘားအံ ခရီးသည်​တင်​ယာဉ်​​ပေါ် ခရီး​ဆောင်​အိတ်​အတွင်းက ​ငွေဆယ်​သိန်းခိုးယူသူအား ဝိုင်းဝန်း​ဖော်​ထုတ်​ ရန်​ကုန်​-ဘားအံ ခရီးသည်​တင်​ယာဉ်​​ပေါ် ခရီး​ဆောင်​အိတ်​အတွင်းက ​ငွေဆယ်​သိန်းခိုးယူသူအား ဝိုင်းဝန်း​ဖော်​ထုတ်​ Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.