လူငယ်တစ်ဦးဆလ်ဖီဆွဲရင်း ချောင်းထဲပြုတ်ကျသေဆုံး

ဓာတ်ပုံ-မုံရွာမီးသတ်

မုံရွာ၊ စက်တင်ဘာ ၄၊ ၂၀၁၈။

မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာရှိ နာမည်ကျော် ထန်းဇလလြာရောက်လည်ပတ်သော လူငယ်တစ်ဦးသည် ဖုန်းဖြင့် ဆလ်ဖီရိုက်နေစဉ် ကျောက်ဆောင်ပေါ်မှ ခြေချော်၍ ချောင်း အတွင်းပြုတ်ကျသေဆုံးမှု ယနေ့(စက်တင်ဘာ ၄) မွန်းလွဲ ၂နာရီခန့်က ဖြစ်ပွာခဲ့ကြောင်း နယ်မြေရဲစခန်းမှ သတင်းရရှိသည်။

ခြေချော်၍ ချောင်းအတွင်း ပြုတ်ကျသွားသည်ကို အတူပါလာသော သူငယ်ချင်းများ၏ အကြောင်းကြားချက်အရ မြို့နယ် မီးသတ်ဌာန ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက လိုက်လံရှာဖွေရာ ညနေ ၅ နာရီအချိန်မှ အလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ရေနစ်သေဆုံးသူမှာ မြိုင်မြို့နယ်၊ သီတင်းပင်ရွာနေ အသက် ၂၀ အရွယ် မောင်စိုးမင်းထက်ဆိုသူဖြစ်ပြီး အလောင်းတွင် ပြင်ပဒဏ်ရာ မတွေ့ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရသိရသည်။

အလောင်းကို မုံရွာဆေးရုံကြီးသို့ ရဲဆေးစာဖြင့်ပို့ဆောင်ထားပြီး ဆက်လတ်စစ်ဆေးနိုင်ရန် သေမှုသခင်းဖွင့်မည်ဟု သိရသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/pg/CNMyanmar
လူငယ်တစ်ဦးဆလ်ဖီဆွဲရင်း ချောင်းထဲပြုတ်ကျသေဆုံး လူငယ်တစ်ဦးဆလ်ဖီဆွဲရင်း ချောင်းထဲပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 08:19 Rating: 5
Powered by Blogger.