သေဆုံး ပုတ်ပွနေသည့် အမျိုးသား တစ်ဦး၏ ရုပ်အလောင်း မုံရွာမှာတွေ့ရှိ


မုံရွာ ၊ စက်တင်ဘာ ၅

မုံရွာမြို့နယ် ၊ ထနောင်ဝင်းကျေးရွာ ကျောက္ကာလမ်းမကြီးအနီးတွင် ယခုလ ၄ ရက် မွန်းလွဲ ၁ နာရီအချိန်က သေဆုံးပုတ်ပွနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ရကြောင်း မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ဆန်းလင်းမှ အတည်ပြုပြောကြားသည်။

သေဆုံးသူမှာ ဦးမောင်စိုင် အသက်(၅၈) နှစ်ဆိုသူဖြစ်ပြီး ကျန်းမာရေး ချိုးတဲ့သူတစ်ဦးဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်ခန့်က ထနောင်းဝင်းကျေးရွာ အေးရိပ်သာ ဇရပ်တွင် နေထိုင်စဉ် သေဆုံးသွားခဲ့ပြီး အပုတ်နံ့ ရရှိမှသာ ပတ်ဝန်းကျင်မှ သိရှိရခြင်းဖြစ်သည်။

ထို့ကြောင့် မုံရွာနယ်မြေရဲစခန်းမှဗ မှုခင်းဆေးပညာများအရ စစ်ဆေးဆောင်ရွက်နိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၂၆ / ၂၀၁၈ အရ အမှုရေးဖွင့်ထားရှိကြောင်း သိရှိရသည်။

ကိုတိုးကြီး (မုံရွာ)
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
သေဆုံး ပုတ်ပွနေသည့် အမျိုးသား တစ်ဦး၏ ရုပ်အလောင်း မုံရွာမှာတွေ့ရှိ သေဆုံး ပုတ်ပွနေသည့် အမျိုးသား တစ်ဦး၏ ရုပ်အလောင်း မုံရွာမှာတွေ့ရှိ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.