မြိတ်တွင် အမည်မသိအမျိုးသား ၁ ဦးဆိုင်ကယ်တိုက်ခံရပြီး သေဆုံး


မြိတ်မြို့၊ တပ်ပြင်ရပ်၊ တိုင်းရင်းဆေးရုံအနီးတွင် စက်တင်ဘာ ၇ ရက်နေ့၊ည ၇ နာရီခွဲခန့်က လမ်းလျှောက်နေသည့် အသက် ၅၀ ဝန်းကျင်ရှိ အမည်မသိအမျိုးသားတစ်ဦး ဆိုင်ကယ်အတိုက်ခံရပြီး ဆိုင်ကယ်မောင်းသူမှာ ထွက်ပြေးသွားကြောင်းသိရပါတယ်။

ဆိုင်ကယ်တိုက်ခံရသူအမျိုးသားအား မြိတ်ပြည်သူ့ဆေးရုံသို့ တင်ပို့ရာ လမ်းတွင်သေဆုံးသွားကြောင်း မြိတ်ပြည်သူ့ဆေးရုံကြီး ပေ့တွင်ဖော်ပြထားပါတယ်။

သေဆုံးသူအမည်မသိအမျိုးသားအား သိရှိပါက ၎င်း၏မိသားစုထံအကြောင်းကြားပေးပါရန် အကူအညီတောင်းခံအပ်ပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/pg/Myat-Htut-Myeik
မြိတ်တွင် အမည်မသိအမျိုးသား ၁ ဦးဆိုင်ကယ်တိုက်ခံရပြီး သေဆုံး မြိတ်တွင် အမည်မသိအမျိုးသား ၁ ဦးဆိုင်ကယ်တိုက်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.