တရုတ်မြှုပ်နှံမှု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ကြိုဆို

(ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင် ကို တွေ့ရစဉ်)
ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်းဒေသက မြေ ဟက်တာ ၁၂ဝဝ ပေါ်မှာ တရုတ်ကုမ္ပဏီတစ်ခုက ဒေါ်လာ သန်း ၁၂ဝဝ အကုန်အကျခံပြီး ကမ္ဘာလှည့်တွေအတွက် အဆင့်မြင့်ဟိုတယ်နဲ့ လည်ပတ်ပျော်ရွှင်စရာ စခန်းတစ်ခုကို လာမယ့်နှစ်ဆန်းမှာ စတင်တည်ဆောက်မယ်လို့ မနေ့က သတင်းရပါတယ်။ အဲဒီ UDG ဆိုတဲ့ တရုတ်ကုမ္ပဏီဟာ ဒေါ်လာ သန်း ၃၈ဝဝ တန် နောက်ထပ် အပန်းဖြေစခန်းတစ်ခုကိုလည်း တည်ဆောက်လက်စဖြစ်ပြီး ကာစီနိုကစားဝိုင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်က တရုတ်ပြည်ရဲ့ အခုလို လာရောက်မြှုပ်နှံမှုတွေဟာ သူတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မရှိမဖြစ်လိုအပ်တယ်လို့ ရှုမြင်နေပါတယ်။ ဝေဖန်သူတွေကတော့ ဒါဟာ တရုတ်ပြည်က ဒေသအတွင်း ကျင့်သုံးနေတဲ့ Dollar Diplomacy ဒေါ်လာငွေသံတမန်ဝါဒပါပဲလို့ပြောရင်း ကမ္ဘာ့နိုင်ငံအများအပြား တရုတ်နိုင်ငံရဲ့ စီးပွားရေးထောင်ချောက်ထဲရောက်သွားပြီး ချေးငွေတွေ ပြန်မဆပ်နိုင်မှာကို စိုးရိမ်နေကြပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
တရုတ်မြှုပ်နှံမှု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ကြိုဆို တရုတ်မြှုပ်နှံမှု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ကြိုဆို Reviewed by THITHTOOLWIN on 09:06 Rating: 5
Powered by Blogger.