မိုးမောက်မြို့နယ်၌ ထော်လာဂျီယာဉ်၏ ဘေးကာ ပျက်စီး၍ လူပြုတ်ကျမှုကြောင့် အမျိုးသမီး ၂ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရရှိ


၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ၁၁၀၀ အချိန် မိုးမောက်မြို့နယ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းမိုင်တိုင် ၆၅၀ နှင့် ၆၅၁ ကြား ရင်ကွဲတောင်ကုန်းဆင်း၌ ဓမ္မစင်္ကြာ ရွတ်ဆိုမည့်အဖွဲ့ လိုက်ပါလာသည့် ထော်လာဂျီယာဉ်၏ ဘေးကာ ပျက်စီး၍ လူပြုတ်ကျမှုကြောင့် အမျိုးသမီး ၂ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရပါသည်။

အဆိုပါယာဉ်အား အောင်မြင့်(ခ) လောအင်း(၃၀)နှစ်မောင်းနှင်ပြီး တာလီကျေးရွာမှ ဖာကေကျေးရွာသို့ ဓမ္မစင်္ကြာ ရွတ်ဆိုမည့် တစ်ရွာတည်းနေ မအေးကြောင်(၂၁)နှစ် အပါအဝင် မ ၁၈ ဦး တင်ဆောင်လာသော ထော်လာဂျီ ယာဉ်သည် ဘရိတ်ပေါက်စဉ် ယာဉ်၏ ယာဘက်ဘေးကာ သစ်သားပြား ပြုတ်ထွက်ကာ ယာဉ်ပေါ်ပါ လူများကားလမ်းမပေါ်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်ပေါ်မှ မအေးကြောင် ပါ မ ၂ ဦးတွင် ဦးခေါင်း နောက်စေ့ကွဲ၊ နှာခေါင်းသွေးထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဒေါ်အေကေ(၄၀)နှစ် အပါအဝင် မ ၁၀ ဦးတို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)တို့ ရရှိခဲ့သည်။

 အောင်မြင့်(ခ)လောအင်း (ဖမ်းမိ)အား ဒေါ့ဖုန်းယန်နယ်မြေရဲစခန်း ယာဉ်(ပ) ၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/ ၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
မိုးမောက်မြို့နယ်၌ ထော်လာဂျီယာဉ်၏ ဘေးကာ ပျက်စီး၍ လူပြုတ်ကျမှုကြောင့် အမျိုးသမီး ၂ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရရှိ မိုးမောက်မြို့နယ်၌ ထော်လာဂျီယာဉ်၏ ဘေးကာ ပျက်စီး၍ လူပြုတ်ကျမှုကြောင့် အမျိုးသမီး ၂ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.