အိမ်မဲမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၂၂ ဦး ဒဏ်ရာရရှိ


၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ၁၁၄၀ အချိန် အိမ်မဲမြို့နယ်၊ ရွာသစ် ကျေးရွာ ရန်ကုန်-အိမ်မဲ-မြောင်းမြ ကားလမ်း မိုင်တိုင်(၆၃/၇)နှင့် (၆၄/၀)ကြား၌ ဦးစိုး(၇၀)နှစ် မောင်းနှင်ပြီး ခရီးသည် ၃၀ ဦး လိုက်ပါလာသည့် ချမ်းမြေ့အေး ခရီးသည်တင် 3N/XXXX Yotong ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ ထန်းပင်အား ဝင်ရောက်တိုက်မိ ခဲ့သည်။


 အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည် ကျော်မင်းခိုင်(၃၆)နှစ်တွင် ယာလည်ပင်းပြတ်ရှ ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)နှင့် ခက်သစ္စာ(၂၆)နှစ်အပါအဝင် ၂၁ ဦး(ကျား ၈၊ မ ၁၃) တို့တွင် ပွန်းပဲ့ ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ယာဉ်မောင်းဦးစိုးမှာ ထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးစိုး(ဖမ်းမမိ)အား အိမ်မဲမြို့မရဲစခန်း ယာဉ်(ပ) ၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/၂၀၂ (ပေါ့လျော့မှုကြောင့် ပြင်းထန်/ သာမန် နာကျင် စေမှု/ သတင်းပေးရန် ပျက်ကွက်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
အိမ်မဲမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၂၂ ဦး ဒဏ်ရာရရှိ အိမ်မဲမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၂၂ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.