တောင်ကိုရီးယားအဖွဲ့ ကင်ဂျုံအွန်းနဲ့တွေ့

Photo: handout / The Blue House / AFP
 တောင်ကိုရီးယား အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ပြုံယမ်းမြို့မှာ မနေ့က တွေ့ဆုံပါတယ်။ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ နျူကလီးယား ဖြုတ်သိမ်းရေး ဆွေးနွေးပွဲ ပြန်စနိုင်အောင် မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ထိပ်သီး ဆွေးနွေးပွဲကျင်းပဖို့ တောင်ကိုရီးယားက စီစဉ်တာလည်းဖြစ်ပါတယ်။

အဖွဲ့ဝင် ၅ ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကို တောင်ကိုရီးယားသမ္မတ Moon Jae-in ရဲ့ အထူးသံတမန် Chung Eui-yong က ဦးဆောင်ပါတယ်။ ကိုရီးယားကျွန်းဆွယ် နျူးကလီးယား လုံးဝ ကင်းရှင်းရေးနဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ဖို့ နည်းလမ်းတွေ ဆွေးနွေးမယ်လို့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က အစောပိုင်းက ပြောထားပါတယ်။

သူ့အဖွဲ့ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံချိန်မှာ တောင်ကိုရီးယား သမ္မတ Moon Jae-in က ပါးလိုက်တဲ့ ပုဂ္ဂိုလ်ရေးစာတစောင် ပေးအပ်ပြီး အမြင်ချင်း ဖလှယ်ကြတယ်လို့ ဆိုးလ်မြို့မှာ ရှိတဲ့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ ပြုံယမ်းသွားတဲ့ တရက်တာခရီးဟာ ဒီလကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ အသေးစိတ်အစီစဉ်တွေ အပြီးသတ်ဖို့ ရည်ရွယ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တောင်ကိုရီးယားအဖွဲ့ ကင်ဂျုံအွန်းနဲ့တွေ့ တောင်ကိုရီးယားအဖွဲ့ ကင်ဂျုံအွန်းနဲ့တွေ့ Reviewed by THITHTOOLWIN on 10:48 Rating: 5
Powered by Blogger.