မြောက်ကိုရီးယားခေါင်းဆောင်က နျူကလီးယားအလုံးစုံဖျက်သိမ်းရန် ကတိပြုကြောင်းအတည်ပြု

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ် နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ အထူးကိုယ်စားလှယ်အဖွဲ့ တွေ့ ဆုံစဉ် (ဓာတ်ပုံ-အင်တာနက်)
ဆိုးလ် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

 မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်က မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့်  တောင်ကိုရီးယားနိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်နှင့် ယမန်နေ့ က တွေ့ ဆုံမှုအပြီးတွင် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားအလုံးစုံဖျက်သိမ်းရေးဆိုင်ရာ ၄င်း၏ ကတိစကားကို ထပ်မံအတည်ပြု လိုက်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသမ္မတ အထူးကိုယ်စားလှယ် အမျိုးသားလုံခြုံရေးထိပ်တန်းအကြံပေး Chung Eui-yong ဦးဆောင်သော အဖွဲ့ ဝင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်နှင့်တွေ့ ဆုံဆွေးနွေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကင်ဂျုံအမ်က ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေး ၄င်း၏ ကတိကဝတ် နှင့်  ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးအတွက် တောင်ကိုရီးယား၊ အမေရိကန်နိုင်ငံတို့ နှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Chung နှင့် ကိုယ်စားလှယ်အဖွဲ့ ဝင် လေး ဦးတို့ သည် အထူးခရီးစဉ်အဖြစ် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ခေါင်းဆောင်ကင်ဂျုံအမ် နှင့်တွေ့ ဆုံဆွေးနွေးခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် ၏ သဝဏ်လွှာကိုလည်း ကင်ဂျုံအမ်အားပေးအပ်ခဲ့သည်။

မွန်ဂျေအင် နှင့် ကင်ဂျုံအမ် တို့ ၏ ထိပ်သီးအစည်းအဝေးကို မြောက်ကိုရီးယားနိုင်ငံ မြို့ တော် ပြုံယမ်းမြို့ ၌ စက်တင်ဘာ ၁၈ ရက် မှ ၂ဝ ရက်အထိ ကျင်းပသွားရန် ကိုရီးယားနှစ်နိုင်ငံအကြားသဘောတူညီမှုရရှိခဲ့ကြောင်း Chung က ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
မြောက်ကိုရီးယားခေါင်းဆောင်က နျူကလီးယားအလုံးစုံဖျက်သိမ်းရန် ကတိပြုကြောင်းအတည်ပြု မြောက်ကိုရီးယားခေါင်းဆောင်က နျူကလီးယားအလုံးစုံဖျက်သိမ်းရန် ကတိပြုကြောင်းအတည်ပြု Reviewed by THITHTOOLWIN on 10:48 Rating: 5
Powered by Blogger.