![]() |
ဓာတ်ပုံ - မောင်တောအကြမ်းဖက်တိုက်ခိုက်မှု နှစ်ပတ်လည်နေ့အခမ်းအနား စစ်တွေတွင်ပြုလုပ်ခဲ့သည်ကိုတွေ့ရစဉ်။ |
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု နှစ်ပတ်လည်နေ့နှင့် သက်ဆိုင်သည့် အခမ်းအနားကို ရခိုင်အမျိုးသားပါတီက စစ်တွေတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ရခိုင်အမျိုးသားပါတီက ဦးဆောင်၍ စစ်တွေရှိ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရင်ပြင်တွင် သြဂုတ်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"တစ်နှစ်ပြည့်အခမ်းအနားကို ကျနော်တို့ မောင်တောမြို့နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်နက်ကိုင် ဝန်ထမ်း၊ ပြည်သူ၊ တိုင်းရင်းသားမျိုးနွယ်စုတွေ သေကြေခဲ့တဲ့အတွက် ဒီပွဲကို အောက်မေ့ သတိရတဲ့အနေနဲ့ ဒီအခမ်းအနားကို ကျင်းပရတာဖြစ်ပါတယ်။"ဟု အခမ်းအနားသို့တက်ရောက်လာသည့် မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက နိရဉ္စရာကို ပြောသည်။
အဆိုပါအခမ်းအနားတွင် ပင့်ဖိတ်ထားသည့် သံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်ကာ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုများကြောင့်သေဆုံးသွားကြသူများအား ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကာ တက်ရောက်လာသည့် ဧည့်ပရိသတ်များအားလည်း နံနက်စာဖြင့် တည်ခင်းကျွေးမွေးခဲ့ကြောင်း သိရသည်။
၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က မောင်တောမြို့နယ်တွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နယ်ခြားစောင့်ရဲဌာနချုပ်အပါအဝင် လုံခြုံရေး ရဲကင်းစခန်း (၃ဝ)တိုက်ခိုက်ခံခဲ့ရပြီး လက်နက်ကိုင်လုံခြုံရေးတပ်သားအချို့လည်း ကျဆုံးခဲ့ရသည်။
ယင်းအပြင် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ဒေသများရှိ ရခိုင်ပြည်သူများနှင့် ရခိုင်တိုင်းရင်သားမျိုးနွယ်စုဝင်များ သတ်ဖြတ်ခံခဲ့ရပြီး ဒေသခံအများအပြားလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
မောင်တော အကြမ်းဖက်တိုက်ခိုက်မှု နှစ်ပတ်လည်နေ့ အခမ်းအနား စစ်တွေတွင်ပြုလုပ်
Reviewed by THITHTOOLWIN
on
21:01
Rating:
