မဒေါက်မြို့၌ စစ်တောင်းမြစ်ရေတိုး၍ ရေပြန်တက်နေ


မဒေါက် သြဂုတ် ၂၅

မိုးများဆက်တိုက် ရွာသွန်းနေမှုကြောင့် မဒေါက်မြို့ စစ်တောင်းမြစ်ရေသည် သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာအထက် ၁၁၇၃ စင်တီမီတာသို့ရောက်ရှိနေပြီး ရေပြန်တက်လာကာ မြို့မ ၂ ရပ်ကွက် မင်းလမ်းမပေါ်ရေကျော် နေကြောင်းသိရသည်။


စစ်တောင်းမြစ်ရေတိုးမှု နှင့်ပတ်သက်၍ " ဒီနေ့မနက်ပိုင်းက မင်းလမ်းမပေါ် နဲနဲပဲကျော်သေးတယ်။ ဆိုင်ကယ်မောင်းလို့ရတယ်။ ကြည့်နေရင်းတိုးလာတာ အခု မင်းလမ်းမတစ်လျှောက် ရေကျော်နေပြီ ရဲစခန်းရှေ့လမ်းနိမ့်တဲ့နေရာမှာ ဒူးလောက်တက်နေပြီ။ ပလပ်ရေလုံတဲ့ဆိုင်ကယ်တော့မောင်းလို့ ရသေးတယ်။ ခုလိုဆက်တိုးရင်တော့ မနက်ဖြန် ဆိုင်ကယ်သွားလို့မရတော့ဘူး" ဟု အဆိုပါ ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။


ယခုရေပြန်တက်ခြင်းမှာ မဒေါက်မြို့၌ ဒုတိယအကြိမ် စစ်တောင်းမြစ်ရေကြီးခြင်းဖြစ်ပြီး လက်ရှိတွင် မြစ်ရေမှာ ဆက်တိုးနေကြောင်း သိရသည်။

ရဲမြန်မာ(ညောင်လေးပင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မဒေါက်မြို့၌ စစ်တောင်းမြစ်ရေတိုး၍ ရေပြန်တက်နေ မဒေါက်မြို့၌ စစ်တောင်းမြစ်ရေတိုး၍ ရေပြန်တက်နေ Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.