အိန္ဒိယတွင် အမျိုးသား ၁၇ ဦးက ၁၁ နှစ်အရွယ်မိန်းကလေးကို သီတင်းပတ်ချီ အဓမ္မပြုကျင့်


ဇူလိုင် ၁၈

အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သီတင်းပတ်ကြာအောင် အဓမ္မပြုကျင့်မှုဖြင့် မသင်္ကာသူ အမျိုးသား၁၇ ဦးကို ဖမ်းဆီးလိုက်ပြီဟု အိန္ဒိယရဲတပ်ဖွဲ့က ကြေညာလိုက်ခြင်းကြောင့် ယခုဖြစ်ရပ်သည် အိန္ဒိယနိုင်ငံတွင် ခြောက်ခြားဖွယ်ဖြစ်သော လိင်ပိုင်းဆိုင်ရာစ်ာကားမှုတစ်ခုဖြစ်လာသည်။

အကြားအာရုံမသန်စွမ်းသော အဆိုပါမိန်းကလေးငယ်သည် ချန်နိုင်းမြို့တောင်ပိုင်းက လူမနေသော တိုက်ခန်းတွဲတစ်ုခအတွင်း လိင်ပိုင်းဆိုင်ရာစော်ကားမှုခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

ဖမ်းဆီးခံခဲ့ရသူများထဲတွင် အဆိုပါတိုက်ခန်းတွဲများစောင့် လုံခြုံရေးများ ပိုက်ဆက်သမားများ၊ ဓာတ်လှေကားစောင့် များပါဝင်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ကပြောသည်။

ကျောင်းကနေ အပြန် အဆိုပါတိုက်ခန်းတွဲတွင် စက်ဘီးစီးလာသော အဆိုပါမိန်းကလေးကို ပထမဆုံး စော်ကားခဲ့သူမှာအသက် ၆၆ နှစ်အရွယ် ဓာတ်လှေကားမောင်းသူုဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ထို့နောက်အဆိုပါအမျိုးသားသည် နောက်ထပ်လူများကို ခေါ်ခဲ့ပြီး အမျိုးသားများသည် ၄င်းတို့က မိန်းကလေးကို အဓမ္မပြုကျင့်နေပုံများကို ဗီဒီယို ရိုက်ကူုးခဲ့ကြသည်။ ထို့ပြင် အဆိုပါအမျိုးသားများသည် မိန်းကလေးကို မေ့ဆေးပါသောဆေး များထိုးခဲ့ကြသလို မူးယစ်ဆေးပါသည့်အချိုရည်များလည်း တိုက်ခဲ့ကြောင်း သတင်းများက ဆိုသည်။

လက်ရှိတွင်အဆိုပါ အမှုကို စုံစမ်းမှုအစပဲရှိနေသေးသောကြောင့် အသေးစိတ်ကို ဆက်စုံစမ်းရန်လိုအပ်နေသေးကြောင်း ဒေသန္တရရဲတစ်ဦးက အေအက်ဖ်ပီသတင်းကို ပြောသည်။

ဒေသန္တရသတင်းများ၏ဖော်ပြချက်အရ ကျူးလွန်သည်ဟုစွပ်စွဲခံထားရသောအမျိုးသားများသည်း မိန်းကလေးကိုတိုက်ခန်းတွဲထဲက မြေအောက်ခန်း၊အားကစားရုံ၊ လှေကားထစ်များ၊ အများသုံးသန့်စင်ခန်းများအထိခေါ်ယူပြီး အဓမ္မ ပြုကျင့်ခဲ့ကြကြောင်း သိရသည်။

မိန်းကလေးက ယခုဖြစ်ရပ်ကို မိဘများထံ ပြန်ပြောပြရာကနေ မိဘများက ရဲထံတိုင်ချက်ဖွင့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ယခုဖြစ်ရပ် လူသိရှင်ကြားသတင်းထွက်လာခြင်းဖြစ်သည်။ ယခုအခါ အဆိုပါမိန်းကလေးသည် ဆေးကုသမှုခံယူနေပြီ ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်ရပ်များ စံချိန်တင်ဖြစ်နေသောနိုင်ငံဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် သက်ငယ်မုဒိန်းမှုပေါင်း ၁၉၀၀၀ နီးပါးရှိခဲ့သော်လည်း အများစုမှာ ရဲစခန်းအထိ တိုင်တန်းမှုအထိ မဖြစ်ခဲ့ပေ။

ဇန်န၀ါရီလတုန်းကလည်း ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ပြန်ပေးဆွဲခံရပြီး ဟိန္ဒူဘုရားကျောင်းတစ်ခုအတွင်း အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရမှုကြောင့် သေဆုံးခဲ့ရပြီးနောက် အိန္ဒိယနိုင်ငံအတွင်း သက်ငယ်မုဒိမ်းမှု ပပျောက်ရေးကိုဒေါသထွက်နေသည့် နိုင်ငံသားများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ကိုဇေယျာ
The Fifth Wave News
https://www.facebook.com/fifthwavenews/
အိန္ဒိယတွင် အမျိုးသား ၁၇ ဦးက ၁၁ နှစ်အရွယ်မိန်းကလေးကို သီတင်းပတ်ချီ အဓမ္မပြုကျင့် အိန္ဒိယတွင် အမျိုးသား ၁၇ ဦးက ၁၁ နှစ်အရွယ်မိန်းကလေးကို သီတင်းပတ်ချီ အဓမ္မပြုကျင့် Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.