အရက်အတူတူဝိုင်းဖွဲ့သောက်စားရင်း စကားများကာ လူသတ်မှုဖြစ်ပွား


ရေတာရှည် ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့အနာက်မြောက် ဘက်(၃၁)မိုင်ခန့် အကွာ အထက်သိုင်းနယ် ဆန်တော်ပို့ကျေးရွာတွင် တစ်ရပ်တည်းသားချင်း အရက်ဝိုင်းဖွဲ့သောက်စားခဲ့ကြပြီး စကားများ ရန်ဖြစ်ပွားကာ လူသတ်မှုတစ်ခု ဇူလိုင် ၁၇ ရက် ညနေ(၄)နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ ကြောင်းသိရသည်။

 အခင်းဖြစ်ပွားသည့် ဆန်တော်ပို့ကျေးရွာသို့ ဆွာနယ်မြေရဲစခန်း၊ စခန်းမှူး ရဲအုပ် သန်းဝင်း၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြလွင်ဦး နှင့်အဖွဲ့သွားရောက်စစ်ဆေးခဲ့ရာ ဆန်တော်ပို့ကျေး ရွာရှိ ဦးအောင်ခွေး ၏နေအိမ်ရှေ့၌ ယင်းကျေးရွာနေ စိုးလွင်(၃၆)နှစ်သည် ယာပုခုံး၊ နဖူး၊ ယာလက်ဖျံ၊ ဝဲဂျိုဇောင်း၊ ဦးခေါင်းနောက်စေ့တို့တွင် ပြတ်ရှဓါးဒါဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်သည် ဖြစ်စဉ်အားဆက်လက်စစ်ဆေးခဲ့ရာ ညနေ(၄)နာရီအချိန်ခန့်၌ စိုးလွင် နှင့်အတူ တစ်ရွာတည်းနေ မြင့်ဌေး (၃၆)နှစ်၊ ကြည်လွင်မိုး တို့သုံးဦးအရက်ဝိုင်းဖွဲ့ကသောက်စားခဲ့ကြကြောင်း၊ ထို့သို့အရက်ဝိုင်း ဖွဲ့သောက် ရင်း စိုးလွင် မှ မြင့်ဌေး အား ''မင်းအခြားရွာကနေလာပြီး ဒီမှာဗိုလ်လာလုပ်လို့မရဘူး ငါတစ်ယောက်လုံး ရှိတယ်''ဟု ဆိုကာ စကားများကားခဲ့ကြောင်း ထို့နောက် စိုးလွင် မှ မြင့်ဌေး အားလက်သီးဖြင့်လိုက်ထိုးခဲ့ ပြီး ဦးအောင်ခွေး နေအိမ်ရှေ့လှေခါးရင်း အရောက် မြင့်ဌေး နောက်ဆုတ်ရင်းလဲကျသွားစဉ် အနားတွင် တွေ့ရှိရ သော တောင်ယာသုံးဓားကိုယူကာ မြင့်ဌေး ကိုခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ ပြစ်မှုကျူးလွန်သူ မြင့်ဌေး အားဆက်လက်စုံစမ်းရှာဖွေခဲ့ရာ လှည်းပွဲကြီးကျေးရွာ၊ သာဂရ-ကိုးပင်ရိုးမဖြတ်ကျော်လမ်းထိတ် ၌ သက်သေခံဓါးနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြသည်။အမှုဖြစ်စဉ်အား ဆွာနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အရက်အတူတူဝိုင်းဖွဲ့သောက်စားရင်း စကားများကာ လူသတ်မှုဖြစ်ပွား အရက်အတူတူဝိုင်းဖွဲ့သောက်စားရင်း စကားများကာ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.