ခင်ဦးမြို့နယ်၌ ကလေးငယ် နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား


ခင်ဦး ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေ ဘိုခရိုင် ခင်ဦးမြို့နယ်တွင်ယမန်နေ့ ည ၁ဝ နာရီခန့်က ကလေးငယ် နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား ကြောင်း ကုန်းကြီးရဲကင်းစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် ဆူး တပ်ကျေးရွာတွင် ကလေးငယ်နှစ် ဦးရေနစ်သေဆုံးကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က ဖုန်း ဆက်အကြောင်းကြားသဖြင့် ကုန်း ကြီးရဲကင်းစခန်းမှူး ရဲအုပ်အောင် ဇော်နှင့်တပ်ဖွဲ့ဝင်များသည် သက် သေများနှင့်အတူ သွားရောက်စစ် ဆေးရာ ခင်ဦးမြို့နယ် ဆူးတပ် ကျေးရွာနေ မောင်ဇွဲထက်အောင် (ကိုးနှစ်)တတိယတန်းနှင့်မောင်မျိုး ထက်အောင်(ခုနစ်နှစ်) ပထမတန်း ညီအစ်ကိုနှစ်ဦးမှာ ယမန်နေ့ညနေ ၆နာရီခန့်ကရွာအပြင်ထွက်၍ ဆော့ ကစားရာမှ အချိန်တန်အိမ်ပြန် မလာသောကြောင့် လိုက်လံရှာ ဖွေရာ ရွာ၏အနောက်မြောက်ဘက် လက်ပံပင်ကန်ပေါင်ပေါ်တွင်အင်္ကျီ နှစ်ထည်ကို တွေ့ရှိရသဖြင့် ရွာ သူရွာသားများက ရေကန်ထဲသို့ ဆင်း၍ ရှာဖွေရာ ၄င်းတို့ညီအစ်ကို နှစ်ဦးမှာ ရေနစ်သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ရဲဆေးစာဖြင့် ရွာ စဉ်တိုက်နယ်ဆေးရုံသို့ပို့ဆောင်၍ ဓမ္မတာအတိုင်း ရေနစ်သေဆုံးခြင်း ဟုတ်/မဟုတ်စစ်ဆေးဆောင်ရွက် လျက်ရှိသည်။

ယင်းဖြစ်စဉ်နှင့်ပတ် သက်၍ ခင်ဦးမြို့မရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ်၁ဝ/၂ဝ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

စံ(ခင်ဦး)
The Union Daily
https://www.facebook.com/uniondaily.net
ခင်ဦးမြို့နယ်၌ ကလေးငယ် နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား ခင်ဦးမြို့နယ်၌ ကလေးငယ် နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.