ဘင်္ဂါလီလူမျိုး ၁၅ ဦး ဖမ်းဆီးရမိ


အထက်မင်းလှ - ဇူလိုင် ၁၆

သရက်ခရိုင် မင်းလှမြို့နယ် ပုသိမ်-မုံရွာကားလမ်းတွင် ယမန် နေ့က ရခိုင်ပြည်နယ်ဘက်မှ ဝင် ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၁၅ ဦးကို မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရေနံမ နယ်မြေရဲစခန်းမှူး၊ ရှမ်းတပ်နယ် မြေရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များသည် သတင်းအရ ပုသိမ်-မုံရွာကား လမ်းမပေါ်၌ ရပ်ကင်း၊ ဝပ်ကင်း၊ လှည့်ကင်းများဖြင့် စစ်ဆေးဆောင် ရွက်ခဲ့ရာ နံနက် ၁ဝနာရီခွဲတွင် ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင် အမှတ်(၂၃၆/၃)အနီးတောစပ်တွင် မြောက်ဦးမြို့နယ် ကျေးရွာများမှ ဘင်္ဂါလီလူမျိုး ၁၂ဦးကို ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးဆောင်ရွက်ခဲ့ရာ တောထဲတွင် လူစုကွဲပြီး ဘင်္ဂါလီ လူမျိုးသုံးဦးကျန်နေသေးကြောင်း ထွက်ဆိုသဖြင့် ဆက်လက်တောနင်း ရှာဖွေခဲ့ရာ လူစုကွဲ ကျန်နေခဲ့သည့် ဘင်္ဂါလီလူမျိုးသုံးဦးကိုထပ်မံဖမ်းဆီး ရမိခဲ့သည်။

 အဆိုပါမွတ်စလင် လူမျိုး ၁၅ဦးတို့အား မပတအက် ဥပဒေအရအရေးယူဆောင်ရွက် နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ကိုသက်(အထက်မင်းလှ)
The Union Daily
https://www.facebook.com/uniondaily.net
ဘင်္ဂါလီလူမျိုး ၁၅ ဦး ဖမ်းဆီးရမိ ဘင်္ဂါလီလူမျိုး ၁၅ ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.