ရဲတပ်သားတစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား


မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၆)နယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ဝေယံဦး၊ (အသက်- ၂၇နှစ်)ဆိုသူသည် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသို့ကြိုးဆွဲချသေဆုံးကြောင်းကို ဇူလိုင်လ၂၃ရက်နေ့ နံနက် ၀၂၂၅ အချိန်ခန့်တွင် ရဲစခန်းကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ စခန်းမှူးနှင့် တာဝန်မှူးထံ ဆက်လက် သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးချက်အရ ရဲစခန်းဝင်းအတွင်း ဗဟိုကင်း အနောက်တောင်ဘက်ရှိ အမြင့် ၁၅ပေခန့်ရှိသော သရက်ပင်တွင် ပုဆိုးဖြင့် ကြိုးဆွဲချသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် သက်ဆိုင်ရာရဲစခန်းအပိုင်ဖြစ်သည့် အောင်မြေသာစံမြို့နယ်၊ အမှတ်(၅)မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၁၈ ဖြင့် အမှုဖွင့် ထားရှိကြောင်း သိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ရဲတပ်သားတစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား ရဲတပ်သားတစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.