စဥ့်ကူးမြို့နယ်၌ တောဆင်ရိုင်း(၁)ကောင် အသတ်​ခံရ


မန္တ​လေးတိုင်း​ဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ပါပေါကျေးရွာ၊ အောက်မတ္တရာသစ်တောကြိုးဝိုင်း အကွက်အမှတ်(၁၇) နတ်တောင်(တောင်) သစ်တောဘိနယ် သစ်တောရုံးအရှေ့ဘက် ၃ မိုင်ခန့်အကွာ ဆင်ရိုးပုံတောင်ခြေသွား တောလမ်းဘေးတွင် တောဆင်ရိုင်း ၁ ကောင် သေဆုံးနေကြောင်း ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က သတင်းအရ စဥ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အရပ်အမြင့် ၆ ပေ ၈ လက်မ၊ အသက် ၄၀ နှစ်ခန့်ရှိ ဟိုင်းဆင်အမျိုးအစား တောဆင်ရိုင်း ၁ ကောင် အား ရှေ့ရင်ညွန့်တွင် သံဆူးချွန်ပေါက်ထွက်နေသည့် ဒဏ်ရာ ၁ ချက်၊ ယာပေါင်နောက်တွင် သစ်သားစ ပေါက်ဝင်နေသည့် ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

အဆိုပါ တောဆင်ရိုင်းအား ရင်ခွဲစစ်ဆေးခဲ့ရာ အဆိပ်လူးမြှားဒဏ်ရာကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဗိုလ်တင်လင်းမှ အရေးယူပေးရန်တိုင်တန်းချက်အရ တောဆင်ရိုင်းအား သတ်ဖြတ်သွားသူ(စိစစ်ဆဲ)အား လက်ပန်လှရဲကင်းစခန်း(ပ)၁၆၂/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁(က) ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

ဓာတ်​ပုံ-ရဲဇာနည်
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
စဥ့်ကူးမြို့နယ်၌ တောဆင်ရိုင်း(၁)ကောင် အသတ်​ခံရ စဥ့်ကူးမြို့နယ်၌ တောဆင်ရိုင်း(၁)ကောင် အသတ်​ခံရ Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.