ကောက်စိုက်နေသော အမျိုးသမီးသုံးဦး မိုးကြိုးပစ်ခံရပြီး တစ်ဦးသေဆုံး


ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်မှာ ဇူလိုင်(၂၂)ရက် မနက်ပိုင်းက ကောက်စိုက်နေတဲ့ အမျိုးသမီး သုံးဦး မိုးကြိုးပစ်ခံရပြီး တစ်ဦးသေဆုံးခဲ့ တယ်လို့ ပဲနွယ်ကုန်းနယ်မြေရဲစခန်းကသိရပါတယ်။

အဲဒီအမျိုးသမီးသုံးဦးဟာ ကျောက်တံခါး မြို့နယ်၊ ပဲနွယ်ကုန်းနယ်မြေ ရဲစခန်းအပိုင် ကျောင်းစိုးကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာအနီး လယ်ကွင်းပြင်မှာ ကောက်စိုက်နေစဉ် ရုတ်တရက် မိုးကြိုးပစ်ချလိုက် တာကြောင့် တစ်ဦးမှာ ညိုမဲဒဏ်ရာတွေရရှိပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။ ကျန်နှစ်ဦးကို ဖြူးဆေးရုံ ပို့ဆောင်ပေးခဲ့ပြီး အတွင်းလူနာတွေအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပဲနွယ်ကုန်းနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်၂/၂၀၁၈နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။

သတင်း - ဖြိုးကိုလင်း(ညောင်ဝိုင်း)
One News Myanmar
https://www.facebook.com/onenewsmyan/
ကောက်စိုက်နေသော အမျိုးသမီးသုံးဦး မိုးကြိုးပစ်ခံရပြီး တစ်ဦးသေဆုံး ကောက်စိုက်နေသော အမျိုးသမီးသုံးဦး မိုးကြိုးပစ်ခံရပြီး တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.