စာသင်ကျောင်း ၁၂ ကျောင်းကို ယာယီပိတ်ထားရ

တနင်္သာရီမြို့ပေါ်က ရေကြီးနေတဲ့ စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်/ Photo: Ye Myint Swe
တနင်္သာရီမြို့နယ်အတွင်းမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံနေတာကြာင့် စာသင်ကျောင်း ၁၂ကျောင်းကို ဒီနေ့ ပိတ်လိုက်ပါတယ်။

စာသင်ကျောင်း ၁၂ ကျောင်းကို ၅ ရက်ကြာ ပိတ်ထားတယ်လို့ တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောပါတယ်။

မနေ့က မနက်ပိုင်းကစပြီး တနင်္သာရီမြစ်ဖျားပိုင်းမှာ မိုးကြီးနေတာကြောင့် မြစ်ရေတက်လာပြီး ရေကြီးရေလျှံ တာတွေဖြစ်နေတာပါ။ ဒီနေ့ညနေပိုင်းအထိ ပေ ၂၀ နီးပါးမြင့်တက်လာကာ တနင်္သာရီမြို့ မြေနိမ့်ပိုင်း က နေအိမ်တွေအပါအဝင် ကျေးရွာတချို့ ရေနစ်မြှုပ်နေတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ အိမ်အောက်ထပ်တွေ ရေမြုပ်နေတာကြောင့် အိမ်အပေါ်ထပ်တွေ မှာ နေကြသူတွေရှိပြီး ကျေးရွာ ၅ ရွာလောက်က လူဦးရေ ၂၀၀ နီးပါးကိုတော့ ရေလွတ်ရာကို ရွှေ့ပြောင်းထား တယ်လို့ ဦးရဲမြင့်ဆွေက ပြောပါတယ်။

တနင်္သာရီမြစ်ရေဟာ ဆက်လက်မြင့်တက်နေတာကြောင့် နောက်ထပ်ရေဘေးဒုက္ခသည်တွေ များလာနိုင်သေးတယ်လို့လည်း ခန့်မှန်းထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
စာသင်ကျောင်း ၁၂ ကျောင်းကို ယာယီပိတ်ထားရ စာသင်ကျောင်း ၁၂ ကျောင်းကို ယာယီပိတ်ထားရ Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.