အဖျောက်မြို့နယ်တွင် ဦးပဉ္ဇင်းတစ်ပါးကြိုးဆွဲချသေဆုံး


ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် အဖျောက်နယ်မြေ ရဲစခန်း စခန်းမှူး ရဲအုပ်မျိုးခိုင် တာဝန်မှူးဆောင်ရွက်နေစဉ် ယနေ့ နံနက် ၂နာရီခွဲက အေးရွာသွား လမ်းတံတားတွင် ဦးပဉ္ဇင်းတစ်ပါး ကြိုးဆွဲချသေဆုံးနေကြောင်း ကျေး ရွာအုပ်ချုပ်ရေးမှူးကသတင်းပို့ချက် အရ သိရသည်။

ဖြစ်စဉ်မှာသတင်းအရအဖျောက် နယ်မြေ ရဲစခန်းမှူး ရဲအုပ်မျိုးခိုင် နှင့် သက်သေများပါဝင်သောအဖွဲ့ သည် အခင်းဖြစ်ပွားရာ အေးရွာ သွားလမ်းတံတားတွင် ဦးပဉ္ဇင်း တစ်ပါးကြိုးဆွဲချသေဆုံးနေကြောင်း တွေ့ရသည်။သေဆုံးသူမှာ ဦးသြ ဘာသ(လူအမည်အောင်ဇော်မြင့်) ဝါတော်ခုနစ်ဝါ သက်တော်(၅၃) နှစ်(၄)ရပ်ကွက်ပိတုန်းပိတ်ကျေးရွာ ပိတုန်းပိတ်ကျောင်းတိုက်တွင်သီတင်း သုံးနေထိုင်သူဖြစ်ပြီး တံတားအမြင့် ၁၂ပေခန့်ရှိ သစ်သားတံတားထိုင်ခုံ ကျောမှီလက်ရန်းတွင် အရှည် ရှစ်ပေခန့်ရှိ တစ်မတ်လုံး ပလတ် စတစ်ပီနံကြိုးနှစ်ခေါက်ခေါက်ပြီး ကြိုးဆွဲချသေဆုံးနေကြောင်း တွေ့ ရသည်။ သေသူမှာ လည်ပင်းတွင် ကြိုးကွင်းဒဏ်ရာ၊ လက်ချောင်း များကုပ်နေပြီး လျှာထွက်နေ သည်ကို စစ်ဆေးတွေ့ရှိရသည်။

သေဆုံးသူ ဦးသြဘာသသည် ယခင် နာတာရှည်တီဘီ၊ ဆီးချို သွေးချို ရောဂါခံစားနေရသည်ကို စိတ်ညစ်၍ ကြိုးဆွဲချသေဆုံး ကြောင်း သိရသည်။ အဖျောက် ဆေးရုံမှ ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေးရန်အဖျောက် ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၂/၂ဝ၁၈ဖြင့်အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ထွန်းလှိုင်(မြိုင်)
The Union Daily
https://www.facebook.com/uniondaily.net
အဖျောက်မြို့နယ်တွင် ဦးပဉ္ဇင်းတစ်ပါးကြိုးဆွဲချသေဆုံး အဖျောက်မြို့နယ်တွင် ဦးပဉ္ဇင်းတစ်ပါးကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.