ကျောက်​မီး​သွေး စီမံကိန်း တားမြစ်​သူ​တွေကို ဖယ်​​ပေးဖို့ ညွှန်​ကြား

ပုသိမ်ကြီးမြို့နယ်က ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ဒေသခံတွေ ၂၀၁၈ ဇူလိုင်လ ၁၇ ရက်နေ့က ကန့်ကွက်စဉ် / Photo: Khaymani Win/RFA
ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်တဲ့အနေနဲ့ လုပ်ငန်းခွင်သုံး စက်ယန္တရားတွေ သွားလာလို့မရအောင် တဲဆောက်လုပ်ပြီး ဒေသခံတွေ စုဝေးနေထိုင်တာကို ဖယ်ရှားဖို့ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဒီနေ့ ညွှန်ကြားခဲ့ပါတယ်။

ငြိမ်းစုစီဥပဒေနဲ့အညီ ခွင့်ပြုချက်မရယူထားတဲ့အတွက် မဖယ်ရှားပေးရင် အရေးယူမယ်လို့ ပြော သွားကြောင်း အောင်သပြေကျေးရွာခံ ဦးရွှေအုန်း က ပြောပါတယ်။

ဘိလပ်မြေစက်ရုံစီမံကိန်း ရပ်တန့်ပေးဖို့နဲ့ လုပ်ငန်းခွင်သုံးစက်ယန္တရားတွေ ရွာလမ်းကို အသုံးပြုလို့မရအောင် တားဆီးတဲ့အနေနဲ့ ရွာသားတွေက ရွာထိပ်ဇရပ်မှာ ပြီးခဲ့တဲ့မတ်လကတည်းက အလှည့်ကျနဲ့ စုဝေးနေ ထိုင်ကြတာဖြစ်ပါတယ်။

အဲဒီစီမံကိန်းကို မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက အကောင်အထည်ဖော်နေတာဖြစ်ပြီး ဒေသခံ ၁၀၀ ကျော် က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ လက်မှတ်ရေးထိုးကန့်ကွက်ထားပါတယ်။

အဲဒီကုမ္ပဏီဟာ ၂၀၁၅ ခုနှစ် ဇွန်လက စတင်လုပ်ကိုင်ခွင့် ရရှိထားတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကျောက်​မီး​သွေး စီမံကိန်း တားမြစ်​သူ​တွေကို ဖယ်​​ပေးဖို့ ညွှန်​ကြား ​ကျောက်​မီး​သွေး စီမံကိန်း တားမြစ်​သူ​တွေကို ဖယ်​​ပေးဖို့ ညွှန်​ကြား Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.