ဝမ်းတွင်းမြို့နယ် ရွာရှည်ကျေးရွာအနီး၌် ဆီဘောက်ဆာယာဉ်တစ်စီး ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား


မိတ္ထီလာ၊ ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ရွာရှည်ကျေးရွာအနီး၌ ယနေ့ ညနေ ၄ နာရီ ၂၀ မိနစ်တွင် ဒီဇယ်ဆီတင် ဆီဘောက်ဆာ ယာဉ်တစ်စီး ဝါယာရှော့ဖြစ်၍ မီးလောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မန္တလေးဘက်မှ မိတ္ထီလာဘက်သို့ မောင်းနှင်လာသော 2C----- Nissan ဒီဇယ်တင်ယာဉ်သည် မိုင်တိုင်အမှတ် ၃၆၀ နှင့် ၃၆၁ ကြား ရွာရှည်ကျေးရွာ ရွာလယ်အရောက်တွင် ဝါယာရှော့ဖြစ်၍ မီးလောင်ခဲ့ပြီး ယာဉ်ပေါ်ပါသည့် ယာဉ်မောင်းနှင့် ကျန်တစ်ဦးတို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။


အဆိုပါ ဖြစ်ပွားရာနေရာသို့ မိတ္ထီလာခရိုင်အတွင်းရှိ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မီးသတ်ဦးစီးဌာနတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၁၆)စီးတို့ဖြင့်လာရောက်၍ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဝမ်းတွင်းမြို့နယ် ရွာရှည်ကျေးရွာအနီး၌် ဆီဘောက်ဆာယာဉ်တစ်စီး ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား ဝမ်းတွင်းမြို့နယ် ရွာရှည်ကျေးရွာအနီး၌် ဆီဘောက်ဆာယာဉ်တစ်စီး ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.