အာဆာအကြမ်းဖက်အဖွဲ့ကို ဝေဖန်သူရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရ

( ဘာလုခါလီ-၂ ဒုက္ခသည်စခန်းတနေရာကို တွေ့မြင်ရပုံ ) Credit-Benar News
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ဘာလုခါလီ-၂ ဒုက္ခသည်စခန်းမှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ၊ နိုင်ငံခြားဧည့်သည်တွေလာတိုင်း ကူညီလေ့ရှိပြီး အာဆာအကြမ်းဖက်အဖွဲ့ကို ဝေဖန်ပြောကြားလေ့ရှိတဲ့ အာရီဖူလာ ဆိုသူ ရိုဟင်ဂျာခေါင်းဆောင်တဦးဟာ အသတ်ခံလိုက်ရတယ်လို့ ရဲအရာရှိတွေက မနေ့ကပြောပါတယ်။

လူသတ်တရားခံကို လိုက်လံ ရှာဖွေနေတယ်လို့ အူးခီယား ခရီုင်ခွဲ ရဲအရာရှိတဦးက ပြောပါတယ်။
အာရီဖူလာ ဟာ ပြိးခဲ့တဲ့နှစ် သြဂုတ်လက အာဆာ အကြမ်းဖက် အဖွဲ့ က မြန်မာ ရဲစခန်းတွေကို တိုက်ခိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပွင့်လင်းစွာ ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည်စခန်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂုတားရက်စ် နဲ့ ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင်ယောင်ကင်းမ် တို့ ရှေ့လဆန်း ၁ ရက်နေ့မှာ သွားရောက်ကြမယ်လို့ ကြေညာပြီးတဲ့နောက် အခုလို အသတ်ခံရတာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အာဆာအကြမ်းဖက်အဖွဲ့ကို ဝေဖန်သူရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရ အာဆာအကြမ်းဖက်အဖွဲ့ကို ဝေဖန်သူရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရ Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.