မန္တလေးမြို့၊ ရေစစ်ကန် ကန်​ဘောင်ဘေးတွင် လူတစ်ဦး ပုပ်ပွ သေဆုံးနေ

( Photo: TTA- Rescue)
ဇွန်​လ(၂၀)ရက်နေ့ ၁၀၀၀ အချိန်ခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၂၂×၂၃ လမ်းကြား၊ ၅၉×၆၀ လမ်းကြား၊ အကွက်(၁၂/က)ရှိ ရေစစ်ကန် ကန်​​ဘောင်ဘေးတွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိ၍ အမှတ်(၁)နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်
တင်ဇော်ဝင်းနှင့် အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့များက သွားရောက်စစ်ဆေးကြည့်ခဲ့ရာ သဆုံးသူမှာ ဇော်ဝင်းလှိုင်(ခ)ဖိုးလုံး၊ (ဘ)ဦးစိုးမိုး၊ အသက်(၂၉)နှစ်၊ယာဉ်မောင်း၊ အကွက်(၁၂/က)၊ အနှိပ်တော်ရပ်ကွက်နေသူဖြစ် ကြောင်းသိရှိရပြီး နာမှုကူညီရေးအသင်းကားဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ်အမှတ်(၁)ရဲစခန်းမှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ဆက်လက်စစ်ဆေးလျှက်​ရှိ​ကြောင်း သိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးမြို့၊ ရေစစ်ကန် ကန်​ဘောင်ဘေးတွင် လူတစ်ဦး ပုပ်ပွ သေဆုံးနေ မန္တလေးမြို့၊ ရေစစ်ကန် ကန်​ဘောင်ဘေးတွင် လူတစ်ဦး ပုပ်ပွ သေဆုံးနေ Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.