လမ်းချော်၍ ခရီးသည်တင်ယာဉ်တိမ်းမှောက်ကာ အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦးသေဆုံး


ကျိုက်မရော ဇွန် ၁၃

မွန်ပြည်နယ်ကျိုက်မရောမြို့တွင် ယနေ့ နံနက်က ခရုံဂူကျောက်မိုင်းအနီး၌ လမ်းချော်၍ခရီးသည်တင် ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားကာ အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ခရီးသည်တင်လိုင်းကားသည် ခရီးသည်များတင်ဆောင်၍ ဘားအံသို့အသွား ခရုံဂူကျောက်မိုင်းအနီး၌ လမ်းချော်တိမ်းမှောက်ရာတွင် အမျိုးသမီး (၁၀)ဦးနှင့် အမျိုးသား(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဒဏ်ရာရလူနာများအား ရာမညလူမှု ကယ်ဆယ်ရေး အသင်းမှ(၁)စီး၊ မော်လမြိုင်လူမှုကယ် ဆယ်ရေးအသင်းမှ ယာဉ်များ စုစုပေါင်းယာဉ် (၇)စီးဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်တွင် အမျိုးသား ၁ ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးမှာ မော်လမြိုင်ဆေးရုံကြီး အရောက်တွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)
https://www.facebook.com/MOIWebportalMyanmar
လမ်းချော်၍ ခရီးသည်တင်ယာဉ်တိမ်းမှောက်ကာ အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦးသေဆုံး လမ်းချော်၍ ခရီးသည်တင်ယာဉ်တိမ်းမှောက်ကာ အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.