မောင်တောနဲ့ ဘူးသီးတောင်မှာ ပုဒ်မ ၁၄၄ ကို သက်တမ်းနှစ်လ ထပ်မံတိုးမြှင့်

မောင်တောမြို့ အ၀င်ဝကို တွေ့ရစဉ်/ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ကို မနေ့ညကစတင်ပြီး နောက်ထပ် သက်တမ်းနှစ်လ ထပ်မံတိုးမြှင့်လိုက်ပါတယ်။

အခုလို အချိန်သက်တမ်း ထပ်မံတိုးမြှင့်လိုက်တဲ့ကိစ္စကို မြို့ကို လှည့်လည်ပြီး အသိပေးကြေညာခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းကတော့ ညမထွက်ရအမိန့်ကို သက်တမ်းတိုးမြှင့်တာဟာ ပုံမှန်လုပ်နေကျ ဆောင်ရွက်ချက်တစ်ခုသာဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အချိန်ကတည်းက မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာ ညမထွက်ရအမိန့်ကို စတင် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အခြေအနေတွေ တည်ငြိမ်လာတဲ့အချိန်မှာ ကနဦး ထုတ်ပြန်ခဲ့တဲ့ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကို အချိန်လျှော့ပေါ့ ထုတ်ပြန်ခဲ့ရာကနေ ၂၀၁၆ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်တွေက ဒေသတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ည ၆ နာရီ ကနေ မနက် ၆ အချိန်ကို ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက သတ်မှတ်အချိန်တွေကို လျှော့ချခဲ့ပြီး အခုလက်ရှိမှာတော့ ည ၁၀ နာရီကနေ မနက် ၅ နာရီ အချိန်ကို ပြောင်းလဲထုတ်ပြန်ထားတာဖြစ်ပါတယ်။

အခုလို ညမထွက်ရအမိန့် ထုတ်ပြန်ထားတာဟာ ဒေသခံတွေရဲ့ လွတ်လပ်စွာ သွားလာမှုအတွက် အဟန့်အတား တစ်ခုဖြစ်ပေမယ့် အကြမ်းဖက်မှုတွေ ခံစားခဲ့ကြရတဲ့ ဒေသတစ်ခုအတွက် လုံခြုံရေးကို ကြိုတင်ကာကွယ်ထားနိုင်တဲ့ အချက်တစ်ခုဖြစ်တယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
မောင်တောနဲ့ ဘူးသီးတောင်မှာ ပုဒ်မ ၁၄၄ ကို သက်တမ်းနှစ်လ ထပ်မံတိုးမြှင့် မောင်တောနဲ့ ဘူးသီးတောင်မှာ ပုဒ်မ ၁၄၄ ကို သက်တမ်းနှစ်လ ထပ်မံတိုးမြှင့် Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.