ဝါယာရှော့ခ်ဖြစ်ကာ ဈေးဆိုင်မီးလောင်၊ လူနေအိမ်တစ်လုံး ဆက်လက် လောင်ကျွမ်း


နမ္မတီး ဇွန် ၁၃

နမ္မတီးမြို့၊မြို့မရပ်ကွက် ဈေးလမ်းရှိ ဈေး ဆိုင်ခန်းများ ဝါယာကြိုးရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းမှု ဇွန်(၁၂)ရက်နေ့ ည(၁၀)နာရီ (၄၀)မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး လူနေအိမ်တစ်လုံး ဆက်လက် လောင်ကျွမ်းခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အိမ်ပိုင်ရှင် ဦးကစ္စနားဗဟာဒူးက ဆိုင်ခန်းဖွင့်လှစ်ငှါးရမ်းပေး ထားသည့် (၁၀) ပေပတ်လည်အခန်းတွဲ(၆)ခန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး (၂၇)ပေပတ်လည်၊ သွပ်မိုး၊ နံကပ်၊ ပျဉ်ခင်း၊ အင်္ဂတေခင်း၊ နှစ်ထပ် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် နမ္မတီးမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့၊ မိုးကောင်းမြို့နှင့် နမ္မတီးမြို့မှ ဦးချမ်းငြိမ်းသူနှင့် ဦးမြကြည်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည(၁၁)နာရီခွဲခန့်တွင် မီးညွှန့်ကျိုး မီးငြိမ်းခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ မရရှိကြောင်း၊ ဦးကစ္စနားဗဟာဒူးအား မီးပေါ့ဆမှုဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဝါယာရှော့ခ်ဖြစ်ကာ ဈေးဆိုင်မီးလောင်၊ လူနေအိမ်တစ်လုံး ဆက်လက် လောင်ကျွမ်း ဝါယာရှော့ခ်ဖြစ်ကာ ဈေးဆိုင်မီးလောင်၊ လူနေအိမ်တစ်လုံး ဆက်လက် လောင်ကျွမ်း Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.