တာချီလိတ်မြို့၊ ပြည်တော်သာဈေး၌ မီးလောင်မှုဖြစ်ပွားရာ အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိ


တာချီလိတ် ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ပြည်တော်သာဈေးအတွင်းရှိ ထမင်းဆိုင်ခန်း၌ ဇွန်လ ၁၈ ရက်၊ ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး နှစ်ဦး ဒဏ်ရာရှိခဲ့သည်။

ဇွန်လ ၁၈ ရက်၊ ည ၈ နာရီခွဲအချိန် ပြည်တော်သာဈေးအတွင်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်လင်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများသည်မီးငြိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် နှစ်စီး၊မီးသတ်စက်ယာဉ် တစ်စီးတို့နှင့် အတူသွားရောက်ငြိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၄ဝ မိနစ်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။

မီးလောင်မှုဖြစ်စဉ်အား စစ်ဆေးရာ ပြည်တော်သာဈေးအတွင်းရှိ ပျံကျဈေးခုံအမှတ်(၆၆၊ ၆၇၊ ၇၃၊၇၄၊ ၇၅)ပိုင် ဒေါ်အေးမြင့်ကြူ၏ ထမင်းဈေးဆိုင်မှ ရေခဲသေတ္တာအပူလွန်ကဲ၍ ဝါယာလျှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ရေခဲသေတ္တာ တစ်လုံး၊ ထမင်းပေါင်းအိုးနှင့် မွေ့ရာတို့အား မီးကူးစက်လောင် ကျွမ်းခဲ့ကာဆိုင် ပိုင်ရှင် ဒေါ်အေးမြင့်ကြူနှင့် ဆိုင်အကူ ဒေါ်ဇင်မာဦး တို့နှစ်ဦးမှာ ခြေထောက်တွင် မီးအပူလောင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။

အမှုမှ မီးပေါ့ဆစွာအသုံးပြုသူ ဒေါ်အေးမြင့်ကြူ(၅၈)နှစ်အား တာချီလိတ်မြို့မရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာချီလိတ်မြို့၊ ပြည်တော်သာဈေး၌ မီးလောင်မှုဖြစ်ပွားရာ အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိ တာချီလိတ်မြို့၊ ပြည်တော်သာဈေး၌ မီးလောင်မှုဖြစ်ပွားရာ အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.