ဘားအံ-မြဝတီကားလမ်း ညအချိန်​​မောင်းနှင်​လာသည့်​ ယာဉ်​နှစ်စီး ​ကျောက်​ခဲဖြင့် အထုခံရ ပြစ်​မှုကျူးလွန်​သူများမှာ အသက်​နှစ်​ဆယ်​ခန့်​ လူငယ်​ရှစ်​ဦးအဖွဲ့ဟုဆို


ဘားအံ ဇွန် ၁၈

ကရင်ပြည်နယ်ဘားအံမြို့နယ်၊ ဘားအံ-မြဝတီကားလမ်းတွင်​ ဇွန်​လ ၁၇ရက်​​နေ့ ညပိုင်းက မြဝတီဘက်​မှ ဘားအံဘက်​သို့ ​မောင်းနှင်​လာသည့်​ ၁၂ဘီးယာဉ်​တစ်​စီးနှင့်​ခရီးသည်​မှန်​လုံယာဉ်​တစ်​စီး၊ စုစု​ပေါင်းယာဉ်​နှစ်​စီးကို အသက်​၂၀ခန့်​အရွယ်လူငယ်​ရှစ်​ဦးခန့်​အဖွဲ့က ​ကျောက်​ခဲဖြင့်​ထုပြီး ဆိုင်​ကယ်​ ၄စီးဖြင့်​ထွက်​​ပြေးသွားကာ ယာဉ်​နှစ်​စီးတွင်​ ​ရှေ့​လေကာမှန်​ကွဲသွား​ခဲ့သဖြင့်​ အိန္ဒုနယ်​​မြေရဲစခန်းသို့ စုံစမ်း​ဖော်​ထုတ်​​ပေးရန်​ လာ​ရောက်​တိုင်​တန်းခဲ့သည့်​ဖြစ်​စဉ်​ ဖြစ်​ပွားခဲ့​ကြောင်းသတင်းရရှိသည်​။

ဇွန်လ ၁၇ ရက်​နေ့ ည၉နာရီ၊ ၃၀ မိနစ် ​အချိန်ခန့်က ဘားအံ-မြဝတီကားလမ်းအတိုင်း မြဝတီဘက်​မှ ဘားအံဘက်​သို့ ယာဉ်​​မောင်းအားယု​အောင်​၊၄၀နှစ်​ ​မောင်းနှင်​သည့်​ 7N/-----၊ YUTONGအမျိုးအစား၊အဖြူရောင်ရွှေမြန်မာခရီးသည်တင်မှန်လုံယာဉ်​သည်​ဘားအံမြို့နယ်​၊သာယာကုန်း​ကျေးရွာအ​ရောင်​တွင်​ ဆိုင်​ကယ်​အနီ​ရောင်​တစ်​စီးအပါအဝင်​ စုစု​ပေါင်း ဆိုင်​ကယ်​ ၄ စီးနှင့်​ အသက်​ ၂၀ဝန်းကျင်​ လူငယ် (၈)ဦးခန့်မှ ယာဉ်အား ၄ လက်မခန့် အရွယ်၊ ​ကျောက်ခဲဖြင့်ပစ်ပေါက်ခဲ့၍ယာဉ်၏ရှေ့လေကာမှန်မှာ၆လက်မပါတ်လည်ခန့်ကွဲအက်သွားသဖြင့်​ ကာလတန်ဘိုး ၆ သိန်းကျပ်ခန့် ပျက်​စီးဆုံးရှုံးသွားခဲ့သည်​။

အလားတူ ယင်း​နေ့ည ၉နာရီ၊၄၀မိနစ်​အချိန်​ခန့်​ယာဉ်​​မောင်း ​ကျော်​ဇင်​လတ်​၊ ၄၀နှစ်​ ​မောင်းနှင်​လာ​သော 2L/-----ဖူဆိုအမျိုးအစား၊ အပြာ ​ရောင်​ယာဉ်​မှာလည်း ဘားအံမြို့နယ်​၊ ​ကော့ကဒါ ​ကျေးရွာနှင့်လွန် ည​ကျေးရွာကြားအရောက် နံပါတ်​၊အမျိုးအစားမသိ ဆိုင်​ကယ်​အနီ​ရောင်​တစ်​စီးအပါအဝင်​ စုစု​ပေါင်း ဆိုင်​ကယ်​၄ စီးခန့်​နှင့်​ အသက်​ ၂၀ ဝန်းကျင်​ လူငယ် (၈)ဦးခန့်မှ ယာဉ်အား ၄ လက်မခန့်အရွယ်၊ ​ကျောက်ခဲဖြင့် ပစ်ပေါက်ခဲ့၍ယာဉ်၏ရှေ့လေကာမှန်မှာ၁ပေခွဲပါတ်လည်ခန့်ကွဲအက်သွားသဖြင့်ကာလတန်ဘိုး၈သိန်းကျပ်ခန့်ဆုံးရှုံးရ ပြီး အဆိုပါလူငယ်​များမှာ ဆိုင်​ကယ်​ဖြင့်​ ​မောင်းနှင်​ထွက်​​ပြေးသွားခဲ့ေ ကြာင်း သိရသည်​။

ဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ အိန္ဒနယ်​​မြေရဲစခန်းကအမှု​ရေးဖွင့်​ထားပြီး ပြစ်​မှုကျူးလွန်​သူများကိုဆက်​လက်​စုံစမ်းလျှက်​ရှိ​ကြောင်း သတင်းရရှိသည်​။

မင်းသူ/ထွန်းထွန်း​ထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘားအံ-မြဝတီကားလမ်း ညအချိန်​​မောင်းနှင်​လာသည့်​ ယာဉ်​နှစ်စီး ​ကျောက်​ခဲဖြင့် အထုခံရ ပြစ်​မှုကျူးလွန်​သူများမှာ အသက်​နှစ်​ဆယ်​ခန့်​ လူငယ်​ရှစ်​ဦးအဖွဲ့ဟုဆို ဘားအံ-မြဝတီကားလမ်း ညအချိန်​​မောင်းနှင်​လာသည့်​ ယာဉ်​နှစ်စီး ​ကျောက်​ခဲဖြင့် အထုခံရ ပြစ်​မှုကျူးလွန်​သူများမှာ အသက်​နှစ်​ဆယ်​ခန့်​ လူငယ်​ရှစ်​ဦးအဖွဲ့ဟုဆို Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.