ဝန်ကြီးချုပ်အာဘေးနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးနိုင်ရန် ဂျပန်အစိုးရ ပြင်ဆင်နေ


တိုကျို ဇွန် ၁၄

ဂျပန်နိုင်ငံ၏ ခေါင်းဆောင်နှင့် ဆွေးနွေးပွဲပြုလုပ်နိုင်ရန် မိမိလမ်း ဖွင့်ပေးထားသည်ဟု မြောက်ကိုရီး ယား ခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ကင်တို့အကြား တွေ့ဆုံဆွေးနွေးနိုင်ရန် ဂျပန်အစိုးရ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဂျပန်သတင်းဌာန များက ဇွန် ၁၄ ရက်တွင် ရေးသား ဖော်ပြသည်။

၁၉၇ဝ ပြည့်လွန်နှစ်များနှင့် ၁၉၈ဝ ပြည့်လွန်နှစ်များက ပြန်ပေးဆွဲခံခဲ့ ကြရသော ဂျပန်နိုင်ငံသားများ အရေး နှင့်ပတ်သက်၍ ဖြေရှင်းနိုင်စေရန် မိမိသည် မြောက်ကိုရီးယားခေါင်း ဆောင်ကင်နှင့် တွေ့ဆုံလိုသည်ဟု ဝန်ကြီးချုပ် အာဘေးက လူသိရှင်ကြား ပြောကြားခဲ့ပြီးဖြစ်သည်။ အဆိုပါ နိုင်ငံသားများသည် မြောက်ကိုရီးယား သူလျှိုများကို ဘာသာစကားလေ့ကျင့် သင်ကြားပေးနိုင်ရန်အတွက် မြောက် ကိုရီးယားက ပြန်ပေးဆွဲခဲ့ခြင်းဖြစ် သည်။

စင်ကာပူနိုင်ငံ၌ ဇွန် ၁၂ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်တို့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်စဉ် အတွင်း ဂျပန်ခေါင်းဆောင်နှင့် တွေ့ဆုံဖွယ်ရှိမှုနှင့် ပတ်သက်၍ ကင်က ဆွေးနွေးခဲ့ကြောင်း ဆာကေး ရှင်ဘွန်း သတင်းစာက ရေးသား ဖော်ပြသည်။

မိမိသည် ဝန်ကြီးချုပ်အာဘေးနှင့် တွေ့ဆုံနိုင်သည်ဟု ထိပ်သီးဆွေးနွေးပွဲ တွင် ကင်က ထရန့်အား ပြောကြားခဲ့ ကြောင်း ဆာကေးရှင်ဘွန်း သတင်းစာ တွင် ဖော်ပြထားသည်။

ဆယ်စုနှစ်ပေါင်းများစွာအကြာက မြောက်ကိုရီးယား၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသော ဂျပန်နိုင်ငံသားများ၏ အရေးနှင့် ပတ်သက်၍ မြောက်ကိုရီး ယားနှင့် ဆွေးနွေးရန် ဂျပန်နိုင်ငံက လိုလားသည်ဆို၏။

ဝန်ကြီးချုပ်အာဘေးသည် ပြန်ပေး ဆွဲခံခဲ့ကြရသူများ၏ မိသားစုဝင်များ နှင့် ဇွန် ၁၄ ရက်က တွေ့ဆုံရာတွင် မြောက်ကိုရီးယား ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိရေးအတွက် မိမိကြိုးပမ်းသွားမည်ဟု ကတိပြု ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်အာဘေးသည် သြဂုတ် လတွင် ပြုံယမ်းသို့ သွားရောက်ဖွယ်ရှိ သည်ဟု အစိုးရတာဝန်ရှိသူများက ပြောကြားကြောင်း ယိုမိယူရီရှင်ဘွန်း သတင်းစာက ရေးသားသည်။

စက်တင်ဘာလတွင် ရုရှားနိုင်ငံ၌ ကျင်းပမည့် ညီလာခံတစ်ရပ်ကျင်းပ စဉ်ကာလအတွင်း အာဘေးနှင့် ကင် တို့ တွေ့ဆုံဆွေးနွေးခွင့် ရရှိနိုင်သည် ဟုလည်း အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

အေအက်ဖ်ပီ
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ဝန်ကြီးချုပ်အာဘေးနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးနိုင်ရန် ဂျပန်အစိုးရ ပြင်ဆင်နေ ဝန်ကြီးချုပ်အာဘေးနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးနိုင်ရန် ဂျပန်အစိုးရ ပြင်ဆင်နေ Reviewed by THITHTOOLWIN on 11:11 Rating: 5
Powered by Blogger.