ကျောက်တော်မြို့နယ် လမုတပင်တွင် ရေနစ်မြုပ်


နိရဉ္စရာ၊ ဇွန် ၁၅

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လမုတပင်ကျေးရွာတွင် ရေများ ရွာထဲသို့ ဆက်လက် ၀င်ရောက်နေပြီး အိမ်တစ်ချို့ ရေနစ်နေသဖြင့် မိသားစု ၂၀ ခန့်ကို ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့လိုက်ရသည်ဟု သတင်းရရှိသည်။

ဘုန်းတော်ကြီးကျောင်း အပါအ၀င် ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်သူ အရေအတွက်မှာ ကျား ၃၀၊ မ ၄၀ ခန့်ရှိကြောင်း ကျေးရွာသားတစ်ဦးက ဖုန်းဖြင့် ပြောကြားသည်။


အိမ်ခြေ ၂၈၀ ကျော်ရှိသည့် လမုတပင်ရွာသို့ လွန်ခဲ့သည့် ဇွန် ၁၀ ရက် မိုစတင်ရွာပြီးနောက် ကျေးရွာအတွင်းသို့ ရေများ စတင်ဝင်ရောက်လာပြီး အိမ်ခြေ အနည်းဆုံး ၅၀ ခန့်ကို ရေနစ်မြုပ်နေကြောင်း ၎င်းက ပြောကြားသည်။

ရေဘေးကြောင့် ပြောင်းရွှေ့နေထိုင်ရသူမိသားစုများအတွက် စားသောက်စရာများနှင့် သောက်ရေသန့်များ လိုအပ်နေကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
ကျောက်တော်မြို့နယ် လမုတပင်တွင် ရေနစ်မြုပ် ကျောက်တော်မြို့နယ် လမုတပင်တွင် ရေနစ်မြုပ် Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.