ပါကစ္စတန်နိုင်ငံ မိုးခေါင်မှုကြောင့် ရေရှားပါးပြတ်လပ်မှု တွေ့ကြုံ

Photo: AFP
ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့လများအတွင်း မိုးနည်းပြီး ရေလှောင်ကန်တွေမှာလည်း ရေတွေကျဆင်းနေတာကြောင့် ရေရှားပါးမှုပြဿနာ ပေါ်ပေါက်နေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းကစပြီး ပါကစ္စတန်မိုးလေဝသဌာနက မိုးခေါင်နိုင်တယ်ဆိုတဲ့ သတိပေးချက်ကို ထုတ်ပြန်ထားပါတယ်။

ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှာ ဆီးနှင်းများဖုံးလွှမ်းနေတဲ့ တောင်တွေက ပျော်ကျတဲ့ရေတွေဟာ မြစ်ချောင်းတွေအတွင်းစီးဝင်ခဲ့ပေမယ့် အခုနှစ်မှာ သိသိသာသာမိုးနည်းနေတာကြောင့် ရေပြဿနာ ပေါ်နိုင်တယ်လို့ မိုးလေဝသဌာန အကြီးအကဲက ပြောပါတယ်။

ဒါအပြင် မနှစ်ကမိုးရာသီမှာ ရွာသွန်းနေကျထက် လေးပုံပုံ တပုံသာရွာခဲ့ပြီး ဆောင်တွင်းမှာလည်းမိုးက ပျမ်းမျှရွာနေကျထက် တဝက်လောက်ပဲရွာတာဖြစ်ပါတယ်။ ဒီအခြေအနေမှာ ရေလှောင်ကန်များ ဆည်များမှာ ရေကျဆင်းသွားတာဟာ ၁၅ နှစ်အတွင်း အဆိုးဝါးဆုံးအခြေအနေဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပါကစ္စတန်နိုင်ငံ မိုးခေါင်မှုကြောင့် ရေရှားပါးပြတ်လပ်မှု တွေ့ကြုံ ပါကစ္စတန်နိုင်ငံ မိုးခေါင်မှုကြောင့် ရေရှားပါးပြတ်လပ်မှု တွေ့ကြုံ Reviewed by THITHTOOLWIN on 11:02 Rating: 5
Powered by Blogger.