ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးလေ့ကျင့်တာတွေ ရပ်မည်ဟု ထရန့်ပြော


အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးလေ့ကျင့်နေတာတွေ ရပ်ဆိုင်းတော့မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

စင်္ကာပူမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ တွေ့ဆုံဆွေးနွေးအပြီး ပြောဆိုလိုက်တာပါ။

စစ်ရေးလေ့ကျင့်မှုတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် ကုန်ကျစားရိတ်တွေ အများကြီး သက်သာသွားမှာဖြစ်ပြီး၊ တောင်ကိုရီးယားမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေကိုလည်း တစ်ချိန်ချိန်မှာ ပြန်လည်ရုပ်သိမ်းလိုတယ်လို့လည်း ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ တွေ့ဆုံစဉ်အတွင်း လူ့အခွင့်အရေးကိစ္စတွေ ဆွေးနွေး ခဲ့တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ နှစ်နိုင်ငံကြားမှာ ဆောင်ရွက်စရာတွေရှိကြောင်း၊ ဒီကိစ္စ သိပ်တော့မလွယ်ကူဘဲ၊ တော်တော်ကြိုးစားယူရမှာဖြစ်ကြောင်း လည်းပြောပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese/
ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးလေ့ကျင့်တာတွေ ရပ်မည်ဟု ထရန့်ပြော ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးလေ့ကျင့်တာတွေ ရပ်မည်ဟု ထရန့်ပြော Reviewed by THITHTOOLWIN on 07:37 Rating: 5
Powered by Blogger.