သံဖြူဇရပ် ပငရွာကို ရေ၀င်တာကြောင့် ဆားပိဿာချိန် (၂၅)သိန်းခန့် ပျက်စီး


ဇွန်လ(၁၇)ရက်က မွန်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် သံဖြူဇရပ်မြို့နယ် ပငရွာ ဆားစီမံကိန်းမှာ ရေ၀င်ရောက်ပြီး ဆားပိဿာချိန် (၂၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ တန်ဖိုးအနေနဲ့ကတော့ သိန်း(၄၀၀၀)လောက်ရှိတယ်လို့ ဆိုပါတယ်။

ပုံစာ - ဇွန်​လ(၁၇)ရက်​တွင်​ ပငရွာ ဆားစီမံကိန်း​နေရာ၌ ​ရေဝင်​​ရောက်​စဉ်
အဲဒီနေရာကို ရေ(၄)ပေလောက်ဝင်ရောက်ခဲ့တာကြောင့် ဆားသိုလှောင်ရုံတွေကို ရေ၀င်ပြီး ပျက်စီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သိန်း(၁၀၀)တန်ဖိုးရှိ ကြက်စာပိဿာချိန် (၂)သိန်းခန့်လည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

 ရေ၀င်ရောက်မှုကြောင့် ပငရွာ ဆားစီမံကိန်းနေရာမှာ နေထိုင်သူ(၇၀၀)ခန့်ကိုလည်း ရေဘေးကယ်ဆယ်ရေးစခန်း (၄)ခုမှာ နေရာချထားပေးနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သံဖြူဇရပ်မြို့နယ်မှာ ရေကျသွားပြီဖြစ်တယ်လို့ သိရပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews
သံဖြူဇရပ် ပငရွာကို ရေ၀င်တာကြောင့် ဆားပိဿာချိန် (၂၅)သိန်းခန့် ပျက်စီး သံဖြူဇရပ် ပငရွာကို ရေ၀င်တာကြောင့် ဆားပိဿာချိန် (၂၅)သိန်းခန့် ပျက်စီး Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.