(ပုံစံ-၇) မိတ္တူကို အာမခံရယူ၍ လိုင်စင်မရှိဘဲ ငွေချေး လုပ်ငန်းလုပ်ကိုင်နေ​သော ပုဂ္ဂလိက ကုမ္ပဏီများအား အရေးယူမည်


ဇွန် ၁၉ ။

တောင်သူများ၏လယ်ယာမြေလုပ်ကိုင်ခွင့် (ပုံစံ-၇) မိတ္တူကို အာမခံ ရယူ၍ ချေးငွေထုတ်ပေးမည်ဟု တောင်သူများအား စည်းရုံးကာ သက်ဆိုင်သည့် လိုင်စင်မရှိဘဲ ငွေချေးလုပ်ငန်းလုပ်ကိုင်နေ​သော ပုဂ္ဂလိကကုမ္ပဏီများအားအရေးယူမည်ဟု စီမံကိန်း နှင့်ဘဏ္ဍာရေး ၀န်ကြီးဌာနမှ သိရသည်။

တိုင်းနင့်ပြည်နယ်အချို့ရှိ မြို့နယ်များတွင်(ပုံစံ-၇) မိတ္တူ ဖြင့်လယ် ၁ဧကလျှင် ကျပ် ၅သိန်း၊ ၁၀သိန်းနှုန်းဖြင့် ချေးငွေထုတ်ပေးမည်ဟုဆိုကာ ပုဂ္ဂလိ ကကုမ္ပဏီအချို့က တောင်သူများအား စည်းရုံးကြောင်း ၊ငွေချေးယူရန် လျှောက်ထားသူတစ်ဦးလျှင် ကျပ် ၅၀၀၀၊ ၇၀၀၀၊ ၁၀၀၀၀ စသည်ဖြင့် ကော်မရှင်ခ များ၊ကနဦးထည့် ၀င်ကြေး များ ကောက်ခံ မှုများရှိသည်ဟုဆိုသည်။

"တောင်သူတွေ လိမ်ညာမှုမခံရအောင်အသိပေးနေ ပါ တယ်။ မိမိတို့ဒေသမှာ ငွေချေးလုပ်ငန်းလိုင်စင်မ ရှိဘဲ စည်းရုံးလာရင်အုပ်ချုပ်ရေးအဖွဲတွေထံ တိုင်ကြားပါ။ ငွေကြေးထည့်ဝင်ထားတာဆိုလည်း အမြ န်ဆုံး ပြန် တောင်းကြပါ။"ဟု တာဝန်ရှိသူ တစ်ဦးကဆိုသည်။

အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လို သည့် ကုမ္ပဏီ၊အဖွဲ့အစည်းအနေဖြင့် အသေးစား ငွေရေးကြေး ရေး လုပ်ငန်းဥပေဒအရ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ရရှိပြီး အသေးစားငွေရေး ကြေးရေး လုပ်ငန်း ကြီးကြပ်မှု ကော်မတီမှ ခွင့်ပြု သော လုပ်ငန်းများကိုသာ လုပ်ကိုင် ဆောင်ရွက်ရ မည်ဖြစ်သည်။

၎င်းကုမ္ပဏီများသည် ငွေကြေးနင့်ပတ်သက်၍ လုပ်ကိုင် ခွင့်လိုင်စင်(ခွင့်ပြုချက်)မရှိဘဲ ငွေချေး လုပ်ငန်းလုပ်ကိုင် နေမှုကို သက်ဆိုင်ရာဌာနများက တည်ဆဲဥပဒေများအရ စိစစ်ကာ အရေးယူဆောင် င်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ အခန်း (၆) ပုဒ်မ ၂၀၊ ၂၁၊ ၂၂ တို့တွင်လည်း ဘဏ်မဟုတ် သော ငွေရေးကြေးရေးအဖွဲ့ အစည်းများသည် မြန်မာနိုင်ငံဗဟို ဘဏ်၏ ခွင့်ပြုချက်နင့် ချမှတ်သည့် စည်းကမ်းများနှင့် အညီလုပ်ကိုင်ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

Mandalay News
https://www.facebook.com/lin.aung.777/
(ပုံစံ-၇) မိတ္တူကို အာမခံရယူ၍ လိုင်စင်မရှိဘဲ ငွေချေး လုပ်ငန်းလုပ်ကိုင်နေ​သော ပုဂ္ဂလိက ကုမ္ပဏီများအား အရေးယူမည်​ (ပုံစံ-၇) မိတ္တူကို အာမခံရယူ၍ လိုင်စင်မရှိဘဲ ငွေချေး လုပ်ငန်းလုပ်ကိုင်နေ​သော ပုဂ္ဂလိက ကုမ္ပဏီများအား အရေးယူမည်​ Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.