ရေစကြိုမြို့နယ် အလောင်းစည်သူမင်းကြီးတည်ထားသည့် ဓမ္မရံသီ(ရွှေဘုံသာ)ဘုရားကြီး ဧရာဝတီမြစ်ကမ်းပါးနှင့် ၁၅ ပေအကွာသို့ ရောက်ရှိနေ


ရေစကြို ဇွန် ၁၈

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဗလဗကျေးရွာ၌ ဧရာဝတီ မြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးလျင်မြန်စွာပြိုကျနေသော ကြောင့် ကျေးရွာလူထုအားနှင့် မြစ်ကမ်းပါးထိန်းသိမ်းရေး လုပ်ငန်းများကို ကိုယ့်အားကိုယ်ကိုးပြုလုပ်နေကြကြောင်း ကျေးရွာနေသူတစ်ဦးက ပြောသည်။

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဗလဗဥာတိကာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မပါလဦးဆောင်ကာ အဝေး ရောက် ရွာသူရွာသားများ လှူဒါန်းသောအလှူငွေဖြင့်လိုအပ်သောကြိုးများ၊ ပီနံအိတ်များ၊ သဲကားများဝယ်ယူကာ ရွာသူရွာသားများနေ့စဉ်လုပ်အားပေးပြီး မြစ်ကမ်းပါးပြိုကျခြင်းများကို တစ်ပိုင်တစ်နိုင် ကာကွယ်လာခဲ့ရာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
''မနှစ်ကတော့ မြစ်ကမ်းပါးကာကွယ်နေရင်း အိမ်ခြေ ၆၄ အိမ် ရွှေ့လိုက်ရတယ်၊ နေ့စဉ်လုပ်အားပေးနေရတော့ ရွာထဲက လူတွေလည်း ခြေကုန်လက်ပန်းကျတာပေါ့၊ ဒီနှစ်ဆိုရင် အိမ်ထောင်စု ၁၈ စုနဲ့ ဘုန်းတော်ကြီးကျောင်းထဲက ကျောင်း ဆောင်ကြီး၊ သိမ်တော်၊ ဓမ္မရံသီဘုရားဝင်းက တန်ဆောင်း တော်နဲ့ လျှပ်စစ်မီးမရခင်က ကျေးရွာထဲမီးပေးတဲ့မီးစက်ကြီး ထားတဲ့အဆောင်တို့ကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်''ဟု ကျေးရွာနေသူတစ်ဦးက ပြောသည်။

ထိုသို့ ကာကွယ်လာခဲ့ရာ ငွေ$ကျပ်သိန်း ၁ဝဝ ကျော်နေပြီဖြစ် ကြောင်း၊ မြစ်ကမ်းပါးထိန်းသိမ်းနေစဉ် ဧရာဝတီမြစ်ရေတိုက် စား၍ မြစ်ကမ်းပါးပြိုကျလျက်ရှိရာ ဓမ္မရံသီ (ရွှေဘုံသာ)ဘုရားကြီးနှင့် ၁၅ ပေအကွာအဝေးသာ ကျန်တော့ကြောင်း သိရသည်။

 ကိုထိန်(ငါ့သရောက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေစကြိုမြို့နယ် အလောင်းစည်သူမင်းကြီးတည်ထားသည့် ဓမ္မရံသီ(ရွှေဘုံသာ)ဘုရားကြီး ဧရာဝတီမြစ်ကမ်းပါးနှင့် ၁၅ ပေအကွာသို့ ရောက်ရှိနေ ရေစကြိုမြို့နယ် အလောင်းစည်သူမင်းကြီးတည်ထားသည့် ဓမ္မရံသီ(ရွှေဘုံသာ)ဘုရားကြီး  ဧရာဝတီမြစ်ကမ်းပါးနှင့် ၁၅ ပေအကွာသို့ ရောက်ရှိနေ Reviewed by THITHTOOLWIN on 09:23 Rating: 5
Powered by Blogger.