ကန့်ဘလူမြို့နယ်၌ ယာဉ်တိမ်းမှောက်ရာမှ အမျိုးသမီးတစ်ဦးသေဆုံး


ကန့်ဘလူ(ဇွန်-၁၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ဇွန် ၁၇ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ယာဉ်တစ်စီးတိမ်းမှောက်ရာမှ အမျိုးသမီးတစ်ဦး နေရာတွင်ပွဲချင်းပီးသေဆုံးသွားကြောင်း မလယ်ရဲကင်းစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ကန့်ဘလူမြို့နယ် ချောင်းမကြီးကျေးရွာအနီး ဇီးကုန်း-မလယ်ကားလမ်း မိုင်တိုင်အမှတ်- (၁၃/၁၄) ကြား၌ ယာဉ်တစ်စီးတိမ်းမှောက်ရာမှ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ မလယ်နယ်မြေရဲကင်းစခန်းမှူး ရဲအုပ်ကျော်သန်းဦးဆောင်သောအဖွဲ့သည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ မိခင်ဖြစ်သူ ဒေါ်တင်ရှိ ၆၇ နှစ်၊ သမီးဖြစ်သူ ဒေါ်ညိုညိုခိုင် ၃၇ နှစ် (ဘ)ဦးမိုးဥ နှင့် သားဖြစ်သူ ယာဉ်မောင်း ချမ်းမိုးအောင် ၃၂ နှစ် (ဘ)ဦးမိုးဥ တဲကြီးကုန်းကျေးရွာ ကောလင်းမြို့နယ်နေသူတို့ ၃ ဦး လိုက်ပါ မောင်းနှင်လာသော YNG -7F/5723 နံပါတ်ပါ NISSAN WINGROAD ခဲရောင်အမျိုးအစား ယာဉ်မှာ လမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားသဖြင့် မိခင်ဖြစ်သူ ဒေါ်တင်ရှိ (၆၇) နှစ် (ဘ)ဦးဖိုးငါ၏ဦးခေါင်းတွင် ၅ လက်မခန့်ပေါက်ပြဲဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး၊ သမီးဖြစ်သူ ဒေါ်ညိုညိုခိုင်၃၇ နှစ်မှာ မည်သည့်ဒဏ်ရာမှ မရရှိဘဲ၊ သားဖြစ်သူ ယာဉ်မောင်း ချမ်းမိုးအောင် ၃၂ နှစ်မှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ရရှိထားသဖြင့် ရွှေဘိုပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်၍ အတွင်းလူနာအဖြစ်ကုသလျှက်ရှိကြောင်း သိရသည်။


၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ လူသေဆုံးသည်ထိအောင် ယာဉ်မဆင်မခြင်မောင်းနှင်သော ချမ်းမိုးအောင် ၃၂နှစ်အား မလယ်နယ်မြေရဲကင်းစခန်းမှ ယာဉ်(ပ)၂/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Chit Sann
ကန့်ဘလူမြို့နယ်၌ ယာဉ်တိမ်းမှောက်ရာမှ အမျိုးသမီးတစ်ဦးသေဆုံး ကန့်ဘလူမြို့နယ်၌ ယာဉ်တိမ်းမှောက်ရာမှ အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.