ပဲခူးတိုင်းတွင် KNU မှ မြေယာပိုင်ဆိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းအပေါ် နယ်လုံကန့်ကွက်


ဇွန်လ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်မြို့နယ်ကြားရှိနယ်မြေတစ်ချို့တွင် KNU-ကရင်အမျိုး သားအစည်းအရုံးမှ မြေယာပိုင်ဆိုင်ခွင့်လက်မှတ်ထုတ်ပေးခြင်းများနှင့်ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးမှ ဇွန်လ ၁၂ရက် နေ့ရက်စွဲဖြင့် KNUထံ ကန့်ကွက်စာပေးပို့ခဲ့သည်ဟု သိရသည်။

အဆိုပါ ကန့်ကွက်မှုများအပေါ် KNU တောင်ငူခရိုင် လယ်ယာဌာန အတွင်းရေးမှူး စောဟေကလယ်က“ ကန့်ကွက်တာ နေရာအတိအကျမဖော်ပြတဲ့အတွက် ဘယ်နေရာလဲ ကျနော်မသိဘူး ။ ဘားဘုံကျေးရွာ အနီးနားဒေသပဲဖြစ် ဖို့များတယ် ။ အဲဒီမှာဆိုရင် အစိုးရဘက်က မလုပ်ပေးလို့ ဒေသခံတွေက ကျနော်တို့ကို အကူညီ လာတောင်းတာကြာပြီ။ ကျနော်တို့ ဘာမှမလုပ်ပေးရသေးဘူး။ တိုင်ပင်ဖို့ပဲရှိသေးတယ်။ သူတို့ ကန့်ကွက်တာကလည်း နယ်မြေမှာ ကွင်းမဆင်းပဲ ရမ်းပြီးကန့် ကွက်တယ်လို့ပဲ ကျနော်ထင်တယ်။ ကျနော်တို့ကတော့ KNU မြေပုံအရပဲ လုပ်ဆောင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

KNUမှ ထုတ်ပေးသည့် မြေယာပိုင်ဆိုင်မှု လက်မှတ်မှာ နိုင်ငံတော် အစိုးရထုတ်ပေးသည့်လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇)နှင့် အလားတူသဖြင့် ဒေသခံပြည်သူများအကြား မြေယာအငြင်းပွားမှု ပြဿနာ များဖြစ်လာနိုင် သည့်အ တွက် ပဲခူးတိုင်း နယ်လုံမှ ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် နယ်လုံ၏ကန့်ကွက်စာအရ မြေယာပိုင်ဆိုင်ခွင့်လက်မှတ် ထုတ်ပေးသည့် နေရာများမှာ တိုင်းဒေသကြီးအစိုးရ၏ အုပ်ချုပ်မှုဧရိယာဖြစ်သည့်အတွက် အစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် KNUအဖွဲ့မှ ဝင်ရောက်ဆောင်ရွက်ခြင်း မပြုရေးနှင့် ယင်းကိစ္စများကို ကေအဲန်ယူ ဗဟိုကော်မတီမှ တားမြစ်ပေးရေးစသည့် ကိစ္စရပ်များ ပါဝင်သည်။

ပဲခူးတိုင်းနယ်လုံကန့်ကွက်စာတွင် ဖော်ပြထားသည့်နေရာများမှာ KNU တပ်မဟာ(၂) တောင်ငူခရိုင်ဖြစ်သလို နေရာအတိ အကျ ဖော်ပြခြင်းမရှိဘဲ နယ်လုံမှ အားလုံးခြုံငုံပြီးကန့်ကွက်ခြင်းဖြစ်သည်ဟုလည်း ကေအဲန်ယူတောင်ငူခရိုင် လယ်ယာဌာနအတွင်းရေးမှူးက တုံ့ပြန်ပြောဆိုသည်။

လက်ရှိအချိန်တွင် တောင်ငူခရိုင်ရှိ အစိုးရ လက်လှမ်းမမှီသည့် ကျေးရွာအများစုနှင့် နေပြည်တော် ကောင်စီနယ်မြေ လယ် ဝေးမြို့နယ်ရှိ ကျေးရွာအချို့တို့တွင် မြေယာပိုင်ဆိုင်ခွင့် လက်မှတ်ထုတ်ပေးရန် KNU တောင်ငူခရိုင်ထံ ဒေသခံများမှ မကြာ ခဏ တောင်းခံတင်ပြမှုများရှိသော်လည်း KNU အနေဖြင့် ၎င်းတို့သတ်မှတ်နယ်မြေ အတွင်းသာ မြေယာပိုင်ဆိုင်ခွင့် လက် မှတ်ထုတ်ပေးနေကြောင်း စောဟေကလယ်က ဆိုသည်။

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်သည့်နယ်မြေအများစုအတွင်း ယခင်က KNU မှ ၎င်းတို့နှင့် သက်ဆိုင် သည့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အစိုးရဘက်မှ တစုံတရာကန့်ကွက်မှုများမရှိခဲ့သော်လည်း တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA လက်မှတ်ထိုးပြီးသည့်နောက်ပိုင်းမှ စတင်ကာ NCA သဘောတူညီ အ ချက်များအပေါ်မူတည်ပြီး မကြာခဏ ကန့်ကွက်မှုများရှိလာသည်ဟုလည်း KNU ခရိုင် တာဝန်ရှိသူများက ပြောသည်။

 ကေအိုင်စီ
http://kicnews.org/
ပဲခူးတိုင်းတွင် KNU မှ မြေယာပိုင်ဆိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းအပေါ် နယ်လုံကန့်ကွက် ပဲခူးတိုင်းတွင် KNU မှ မြေယာပိုင်ဆိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းအပေါ် နယ်လုံကန့်ကွက် Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.