ဖားကန့်မြို့နယ် လယ်ပြင်စစ်ဆေးရေး ဂိတ်အနီး မိုင်းနှစ်လုံးပေါက်ကွဲမှုဖြစ်


မြစ်ကြီးနား ၊မေ ၁၇

ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာအနီး၊ ဖားကန့်-ကာမိုင်းလမ်းမကြီးဘေး၊ လယ်ပြင်စစ်ဆေးရေးဂိတ်အနီး လမ်းဘေးတွင် မေလ(၁၇)ရက်နေ့၊ နံနက်(၇)နာရီအချိန်ခန့်က ရပ်ထားသည့် ဆိုင်ကယ်အတွင်းမှ မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး (၅)မိနစ်ခန့်အကြာ အဆိုပါနေရာ၏ အရှေ့ဘက်ကိုက် (၂၀)ခန့်အကွာ လမ်း၏ဘေးဖက် အပင်ခြေရင်းတွင် မိုင်း(၁)လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရပြီး ကားလမ်းများမပိတ်ဘဲ၊ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။

မေလ ၁၅ရက်နေ့၊ ည၁၁နာရီကျော်ကလည်း ကချင်ပြည်နယ်၊ ဆမိုးကောင်းမြို့နယ်အတွင်းရှိ ထိုပူးဘူတာနှင့်-မိုးကောင်းဘူတာကြားတွင်တစ်နေရာ၊ နမ္မတီးဘူတာနှင့်-မရမ်းဘူတာကြားတွင် တစ်နေရာ စုစုပေါင်းရထားသံလမ်းနှစ်နေရာတွင် နာရီမခြားဘဲ တစ်ချိန်တည်း မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ဒေါ်မိုး
EPN
https://www.facebook.com/epngnews
ဖားကန့်မြို့နယ် လယ်ပြင်စစ်ဆေးရေး ဂိတ်အနီး မိုင်းနှစ်လုံးပေါက်ကွဲမှုဖြစ် ဖားကန့်မြို့နယ် လယ်ပြင်စစ်ဆေးရေး ဂိတ်အနီး မိုင်းနှစ်လုံးပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.