မတ္တရာမြို့နယ်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိ


မတ္တရာ မေ ၁၇

မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် မေလ ၁၇ရက်နေ့က ခရီးသည် တင်ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် ခရီးသည်တစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စုဆည်တော်ကြီးလမ်းခွဲအနီးမန္တလေး-မိုးကုတ်ကားလမ်းမိုင်တိုင်အမှတ်(၂၉/၇)နှင့်(၃၀/၀)အကြားတွင် ယာဉ်မောင်းဇော်လင်းနိုင်(၄၂)နှစ် မော်လူမြို့နယ်နေသူမောင်းနှင်ပြီးခရီးသည် (၁၃)ဦးလိုက်ပါလာသော 5J/------- HIACE ယာဉ်မှာအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာလိုက်ပါ လာသောမောင်ပြုံးချို(၄၅)နှစ် မော်လူးမြို့နယ်နေသူမှာအခင်းဖြစ် နေရာတွင် ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး၊ မောင်မင်းထက်အောင်(၁၉)နှစ်၊ ဒေါ်သင်းသင်း(၃၈)နှစ်နှင့် မဆွေဇင်သိန်း(၃၂)နှစ် မော်လူမြို့နယ်နေသူတို့မှ (မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဇော်လင်းနိုင်အားရေနံ့သာနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မတ္တရာမြို့နယ်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိ မတ္တရာမြို့နယ်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.