အင်းတော်ကြီး အင်းမြှီးဒေသတွင် KIA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

အင်းတော်ကြီးဒေသ
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မပြင်ကျေးရွာအထက် နန့်တိမ်းချောင်းဘက်နှင့် အိုက်လေးတူကျေးရွာအနီးရှိ လွယ်ချောင်ကွင်းဘက်တွင် KIA တပ်​ရင်း ၆ နှင့်မြန်မာ့တပ်မတော်တို့ ယနေ့နံနက် ၈ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
“ဒီမနက် ၈ နာရီကနေအသံကြားတာ ခုထိမရပ်သေးဘူး။ အသံကြီးတွေက တစ်ချက်တစ်ချက်ကြားရတယ်။ စစ်ကြောင်းတွေ ၀င်လာတာတော့ တစ်နေ့က၀င်လာတာတွေ့တယ်။ တိုက်ပွဲဖြစ်တဲ့အသံက ဒီနေ့မှကြားရတယ်။” ဟု အိုက်လေးတူကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါအိုက်လေးတူကျေးရွာတွင်း လယ်တောများနှင့်တောထဲသို့ မသွားကြရန် ဧပြီ ၁၁ ရက်နေ့က ကြေညာထားသော်လည်း လယ်တောတွင် တွေ့သည့် ရွာသားလေးဦးအား လမ်းပြအဖြစ် မြန်မာ့တပ်မတော်ဘက်မှ ခေါ်ဆောင်သွားကြောင်းသိရသည်။
“ မပြင်ရွာအထက် ရွှေမော်ဘက်မှာ မနေ့ကတည်းက တိုက်ပွဲဖြစ်တာ။ ဒီနေ့က ပိုပြီး တိုက်ပွဲသံတွေပြင်းလာတယ်။ခုထိ မသံမတိတ်သေးဘူး။” ဟု မပြင်ကျေးရွာသားတစ်ဦးက ပြောသည်။
ဧပြီ ၁၀ ရက်နေ့တွင် မြန်မာ့တပ်မတော်ဘက်မှ စစ်ကား အစီး (၂၀)နှင့် လားများတင်ဆောင်လာသည့် ကား (၂)စီးတွေ့ရှိကြောင်း ရွာသားများက ပြောသည်။

The Voice of Shan-Ni
https://www.facebook.com/shannivoicenewsjournal
အင်းတော်ကြီး အင်းမြှီးဒေသတွင် KIA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား အင်းတော်ကြီး အင်းမြှီးဒေသတွင် KIA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 11:17 Rating: 5
Powered by Blogger.