ဒုံးကျည်သုံးလုံးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


နေပြည်တော် ဧပြီ ၁၁

တပ်မတော်သားများသည် ကော့ကရိတ် မြို့နယ် ကောင်းမှုကျေးရွာ၌ ဧပြီ ၁ဝ ရက် မွန်းလွဲ ၁၂ နာရီခွဲက မသင်္ကာဖွယ်ရာ မိုးကာစဟောင်းအချို့ကို တွေ့ရှိရ သဖြင့် ယင်းပတ်ဝန်းကျင်အား မိုင်းရှာ စက်၊ မိုင်းရှာခွေးတို့ကို အသုံးပြု၍ အသေးစိတ် ရှင်းလင်းရှာဖွေခဲ့ရာ မိုးကာစ ဟောင်းနှင့် ဖယောင်းပုဆိုးဖြင့် ထုပ်ထားသော အရှည် ၅ ပေ၊ အချင်း ၃.၅ လက်မခန့်ရှိ GM-302 Rocket ဒုံးပစ်လောင်ချာ အမျိုးအစား ဒုံးကျည်သုံးလုံးနှင့် ဒုံးပစ်ရာတွင် အသုံးပြု သည်ဟု ယူဆရသော သတ္တုအိမ်အတွင်း အချက်ပြမီးလုံးလေးလုံးကို ဝိုင်ယာကြိုး ပေ ၂ဝ ခန့် တွဲလျက် တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။


အလားတူ ဧပြီ ၁ဝ ရက် မွန်းလွဲ ၂ နာရီခွဲက လောင်းလုံး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ်-၃၃ မူးယစ်ဆေးဝါး တား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာနေ စည်သူစိုးသန့် (ခ)ဇင်ကို (၂၁ နှစ်)၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိပ်ခန်း ခုတင်ခြေရင်းမှ အရှည်လေးလက်မရှိ ပြောင်းချော  ပစ္စတိုသေနတ်(၁)လက်၊ NRC 38 Special စာတန်းပါ  ကျည်ခွံတစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သဖြင့် လောင်းလုံး မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဒုံးကျည်သုံးလုံးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ဒုံးကျည်သုံးလုံးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 10:52 Rating: 5
Powered by Blogger.