ကန် နဲ့ တရုတ်ကြောင့် ကုန်သွယ်မှုထိခိုက်နိုင်ကြောင်း IMF သတိပေး


အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်အကြား ကန်ုသွယ်မှုဆိုင်ရာ တင်းမာမှုတွေကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးကို ထိခိုက်လာနိုင်ကြေင်း နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF က အင်္ဂါနေ့ မနေ့က သတိပေးလိုက်ပါတယ်။

တဆက်တည်းမှာပဲ အဲဒီလို အခက်အခဲတွေ ရှိလင့်ကစား အာရှတိုက်ရဲ့ စီးပွားရေးတိုးတက်မှုကတော့ ဒီနှစ်အတွင်း ၃.၉ % နဲ့ ကမ္ဘာတခုလုံးကို ရှေ့ကဦးဆောင်မယ့် အလားအလာရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုဟာ ကမ္ဘာတခုလုံးရဲ့ ပျမ်းမျှ တိုးတက်နှုန်းထက် ဆက်လက်သာလွန်နေမှာ ဖြစ်တယ်လို့လည်း IMF ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

၂ဝ၁၈ ခုနှစ်အတွင်း တရုတ်ပြည်က ၆.၆% နဲ့ အိန္ဒိယက ၇.၄% တိုးတက်မယ်လို့ IMF က ခန့်မှန်းထားပါတယ်။ အိန္ဒိယဟာ ဒီနှစ်အတွက် ကမ္ဘာ့စီးပွားရေးကို ဦးဆောင်လိမ့်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

ကန် နဲ့ တရုတ်ကြောင့် ကုန်သွယ်မှုထိခိုက်နိုင်ကြောင်း IMF သတိပေး ကန် နဲ့ တရုတ်ကြောင့် ကုန်သွယ်မှုထိခိုက်နိုင်ကြောင်း IMF သတိပေး Reviewed by THITHTOOLWIN on 07:42 Rating: 5
Powered by Blogger.