နှစ်ဆန်းတစ်ရက်နေ့အလွန် တာချီလိတ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

နှစ်ဆန်းတစ်ရက်နေ့အလွန် တာချီလိတ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် ဧပြီလ (၁၈) ရက်နေ့ နံနက် (၁၁)နာရီခွဲဝန်းကျင်တွင် ကုမ္ပဏီပိုင်ရှင် တစ်ဦးအား ၎င်း၏ နေအိမ်ခြံဝန်းအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

မယ်ခေါင်ရပ်ကွက် - တောကော့(တွင်း)သွား ပတ်လမ်းရှိ နေအိမ်ခြံဝန်း အဝင်ပေါက် အနီးတွင် နန့်ယွန်းစေတနာ(မက်ဂ္ဂနက်)ကုမ္ပဏီပိုင်ရှင်ဖြစ်သူ အသက် (၃၅)နှစ် ၀န်းကျင်ရှိ ဦးယောဟန်အား ရင်ဘတ်တွင် သေနတ် ဒဏ်ရာများဖြင့် ပက်လက်လန်လဲကျ သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ပြီး သေဆုံးသူ အနီးတွင် USA – 9mm Luger အမျိုးအစား ကျည်ခွံလေးခုကို တွေ့ရကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ပြီး အလောင်းအား စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း နှင့် အခင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
Tachileik News Agency
https://www.tachileik.net
နှစ်ဆန်းတစ်ရက်နေ့အလွန် တာချီလိတ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ နှစ်ဆန်းတစ်ရက်နေ့အလွန် တာချီလိတ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.